Neerja
၀မ်းနည်းဖို့ရော၊ အသည်းထိတ်ဖို့ ရော ရသစုံခံစားရမယ့် အိန္ဒိယ သည်းထိတ်ရင်ဖို အတ္ထုပ္ပတ္တိဒရာ မာ ဇာတ်လမ်းလေးကို ဖော်ပြလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၈၆ စက်တင်ဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ Pan Am 73 လေယာဉ်ပြန်ပေးဆွဲ ခံရတဲ့အကြောင်းကို ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားမှာ အဓိကဇာတ် ကောင်က အသက် (၂၃) နှစ်အ ရွယ် လေယာဉ်မယ်လေး နီရာဂျာ ဘာနော့ဖြစ်ပြီး ပြန်ပေးသမားတွေ ရဲ့ လက်ခုပ်ထဲကရေဖြစ်ခဲ့ရတဲ့ ခရီးသည် ၃၆၁ ယောက်နဲ့ လေ ယာဉ်ဝန်ထမ်း ၁၉ ယောက် အ သက်အန္တရာယ်မရှိရလေအောင် ကာကွယ်ခဲ့တာကို ကြည့်ရှုရမှာ ပါ။ပျော်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မယ် လေး နီရာဂျာဟာ Pan Am 73 လေယာဉ်ကြီးမှာ လေယာဉ်အရာ ရှိ (ပါဆာ)အဖြစ် ပထမဆုံးတာ ဝန်ထမ်းဆောင်ရမှာပါ။ သူတာ ဝန်ထမ်းမယ့် လေယာဉ်ကြီးဟာ အကြမ်းဖက်သမားလေးယောက် ကို တင်ဆောင်လာမိတဲ့အတွက် ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတော့ တယ်။လေယာဉ်ပြန်ပေးသမား တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ နီရာ ဂျာဟာ ကြောက်ရွံ့ထိတ်လန့်နေ ပေမယ့်လည်း ခရီးသည်တွေ အန္တရာယ်ကင်းဖို့အတွက် ကြိုး စားတာဝန်ထမ်းဆောင်နေတဲ့ ဇာတ်ကွက်တွေကို ကြည့်ရတဲ့ အခါ အခက်ခဲဆုံးအနေအထားနဲ့ ရင်ဆိုင်နေရတဲ့ နီရာဂျာရဲ့ဖြစ် အင်ကို ကိုယ်ချင်းစာမိကြဦးမှာ ပါ။နီရာဂျာဟာ သူများတွေကို အန္တရာယ်ကင်းအောင်ကာကွယ် ပေးခဲ့ပေမယ့် သူ့ကိုယ်သူတော့ မကာကွယ်နိုင်ခဲ့ပါဘူး။လေယာဉ် ပေါ်က ခရီးသည်ကလေးငယ် သုံးယောက်ကို ကယ်တင်ရင်းအ ကြမ်းဖက်သမားတွေရဲ့ သေနတ် နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါ တယ်။လေယာဉ်ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပေမယ့် ဒီဇာတ်ကားလေးကို ဘယ်လို ရိုက်ကူးတင်ဆက်ထား သလဲဆိုတာ ကြည့်လိုက်ပါဦး နော်။ဒီဇာတ်ကားမှာ နီရာဂျာဘာ နော့အဖြစ် ဆိုနမ်ကာပူးရ်က အဓိကပါဝင်သရုပ်ဆောင်ထား ပြီး ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တယ်လို့ ပရိ သတ်တွေကတော့ မှတ်ချက်ပြု ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း