ဇာတ်ကားများ ရွေးရန်

Crooked House

2017ဇာတ်ကားBlu-Ray 1080p

နာမည်ကျော် စုံထောက်ဝတ္ထုရေး စာရေးဆရာမကြီး အာဂါသာခရစ်စတီး ရဲ့ အလှည့်ဖျားနိုင်ဆုံး လက်ရာတွေထဲက တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါ။ သူလျှိုဘဝကနေ အလွတ်စုံထောက်တစ်ဦးဖြစ်လာခဲ့တဲ့ ချားဟေးဝပ် ဟာ သူ့ချစ်သူဟောင်းတစ်ယောက်ရဲ့ အဘိုး အသတ်ခံရမှုကို စကော့တလန်ယာ့ဒ်က မိသားစုရဲ့ နာမည်ပျက်စရာ လျှို့ဝှက်ချက်တွေကို မဖော်နိုင်ခင် တရားခံကို ဖော်ရဖို့ဖြစ်လာပါတယ်။ အဲ့ဒီ စံအိမ်ကြီးမှာခေတ္တနေထိုင်ဖို့ ရောက်နေတဲ့ ကာလအတွင်း မိသားစုဝင် တစ်ယောက်စီနဲ့ တွေ့ဆုံ စကားပြောဖြစ်ရင်း လူအတော်များများမှာ သတ်စေနိုင်လောက်တဲ့ စေ့ဆော်မှုတွေ ရှိနေကြောင်းသိရတဲ့အခါ သူ အချိန်မှီဖော်ထုတ်နိုင်မလား။ တရားခံဘက်က လက်ဦးသွားမလားဆိုတာကို အဆုံးသတ်ထိ ရင်တမမနဲ့ကြည့်ရမှာပါ။ လတ်တလောထွက်ထားခဲ့တဲ့ Murder on orient express ဟာလဲ ဆရာမကြီးရဲ့ လက်ရာပါပဲ။ နာမည်ကျော်စာအုပ်ပေါင်းများစွာ ထွက်ရှိထားပြီးတော့ အတော်များများကိုလဲ ရုပ်ရှင်အဖြစ် ပုံဖော်ခံခဲ့ရပါတယ် အညွှန်းရေးသားသူကတော့ ကို ဝေဟံလင်းထင် ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း