ဇာတ်ကားများ ရွေးရန်

Beyond White Space

2018ဇာတ်ကားWeb-dl 1080p

2132 ခုနှစ်မှာတော့ လူသားတွေဟာ အစားအစာကို အာကာသထဲမှာပဲအဓိက ရှာဖွေကြပါတယ်။ ကပ္ပတိန်ရစ်ချက် ဘန်တလေဟာ ကိုယ်ပိုင်အာကာသယာဉ် အဖွဲ့သားတွေနဲ့ အာကာသထဲမှာ အမဲလိုက်သူပါ။ ဒီတစ်ကြိမ်မှာတော့ သူတို့အဖွဲ့နဲ့အတူ အမ်ဘာကော့ရဲ့ကိုယ်ရံတော် လင်းနဗားရိုး လိုက်ပါလာပါတယ်။ အမှန်တော့ လင်း ဟာလည်းအကြောင်းရှိတဲ့အတွက် ဟန်ဆောင်ပြီးလိုက်လာခြင်းပါ။ တန်လောင် ဆိုတဲ့တရုတ်ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ဟာ White Space ကိုစောင့်ကြပ်ပါတယ်။ White Space ထဲဝင်ချင်ရင်တော့ တန်လောင် ကိုအရင်ဖြတ်ကျော်ရမှာပါ။ ဖခင်ဖြစ်သူအတွက်ကလဲ့စားခြေချင်တဲ့ ကပ္ပတိန်ရစ်ချက် တစ်ယောက် တန်လောင် ကို လက်စားခြေပြီး White Space ထဲရောက်အောင် သွားနိုင်မလား။ လင်း တစ်ယောက် သူ့ရဲ့ကိုယ်ပိုင်မစ်ရှင်ကို အောင်မြင်အောင်ထမ်းဆောင် နိုင်မလား... ဆိုတာ စိတ်ဝင်စားစရာပါ။ 2018 အသစ်စက်စက်ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ အမေရိကန်နာမည်ကြီးဝတ္တုဖြစ်တဲ့ Mobi Dick ကို inspire ယူထားတယ်လို့ ဒီဇာတ်ကားရဲ့ဒါရိုက်တာကဆိုထားပါတယ်။ ကြည့်ရတာ တစ်ကယ်တန်တဲ့ဇာတ်ကားမို့ မလွတ်တမ်းကြည့်ရှုစေချင်ပါတယ်ဗျာ... Credit Reivew Translated By Htin Kyaw Linn

ဇာတ်လမ်းအကြောင်း