ဇာတ်ကားများ ရွေးရန်

Arizona

2018ဇာတ်ကားBlu-Ray 1080p

ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါ ဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာ သိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါ တိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်ဈေးတွေ တက်လာမယ် ခြံဈေးတွေ တက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့ အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင် အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီး မဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါ လောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့ အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်ပေါ့…. သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကို ကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာ ပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကို မတန်တဆ ဈေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်… တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူ မော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ကို သတ်ဖြတ်ပြီး ကတ်ဆီကို ပြန်ပေးဆွဲခဲ့ပါတော့တယ် ရဲရော ဘယ်အဖွဲ့အစည်းကိုမှ ဆက်သွယ်မရအောင် ခေါင်တဲ့ ဒီတိုးချဲ့မြို့သစ်ကနေ သူမ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုနိုင်ပါပြီ….

ဇာတ်လမ်းအကြောင်း