The Intruder
ချာလီပက်ခ်တစ်ယောက် သူ့အိမ်ကိုအရောင်းထုတ်နေပါတယ်။ ဖလော်ရီဒါမှာရှိတဲ့သူ့သမီးလေးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့သူ့အဖေကို သူတို့နဲ့အတူလာနေစေဖို့ပြောနေတော့ ဒီအိမ်ကိုရောင်းထုတ်ပြီးတော့ သူ့သမီးဆီလိုက်သွားတော့မှာပါ။ ချာလီတို့ အိမ်ကိုလာကြည့်တဲ့ စကော့နဲ့အန်နီတို့ကတော့ စစရောက်ချင်းမှာ နည်းနည်းလေးတော့ ထိတ်လန့်စရာတွေကြုံခဲ့ရပေမယ့် အန်နီတစ်ယောက်အိမ်လေးကိုအရမ်းသဘောကျနေတာနဲ့ပဲ နောက်ဆုံးတော့ဝယ်ဖြစ်သွားပြီး ပြောင်းရွေ့နေထိုင်ကြပါတော့တယ်။ အိမ်လေးရဲ့ဘေးနားတစ်ဝိုက်မှာသစ်တောလေးနဲ့ဖုံးအုပ်ထားပြီးတော့ တကယ့်ကိုလှပတဲ့အိမ်လေးတစ်လုံးလဲဖြစ်ပါတယ်။ အန်နီတစ်ယောက်တော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ ဒါပေမယ့်လေ နှစ်ရှည်ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ချာလီအတွက်တော့ ဒီအိမ်မှာ သူ့မိန်းမနဲ့အတူ ကလေးတွေနဲ့လဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတာဆိုတော့ မကြာမကြာပြန်ပြန်ရောက်လာပြီးတော့ အိမ်လေးနဲ့ပတ်သက်တာတွေကို လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောကိစ္စလေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ ဇာတ်လမ်းကတစ်မျိုးပြောင်းလဲသွားတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်လွတ်မခံပဲကြည့်ရှုသင့်ပါတယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။ Credit Review
ဇာတ်လမ်းအကြောင်း