ဇာတ်ကားများ ရွေးရန်

Okja

2017ဇာတ်ကားWeb-dl 1080p

Mirando Cooperation ရဲ့ CEO လူစီဟာ ကမ္ဘာတစ်ဝှမ်း အနာဂတ်မှာ စားနပ်ရိက္ခာဖူလုံရေးအတွက် သူတို့ company မှ Biotechnology ဇီဝနည်းပညာဖြင့် ဖန်တီးထားတဲ့ အကောင်ကြီး အစားနည်း အရသာရှိတဲ့ စူပါဝက်ပေါက်လေးတွေကို သဘာဝအတိုင်းကြီးပြင်းကြောင်း လှည့်စားပြသတဲ့သဘောနဲ့ ဝက်ပေါက်လေး ၂၆ ကောင်ကို ကမ္ဘာနေရာအနှံ့အပြားကို ပို့ဆောင်မွေးမြူပြသခဲ့တယ်။ တောင်ကိုရီးယားတောင်ပေါ်တောတွင်းတနေရာမှာ Mija ဆိုတဲ့ကလေးမနဲ့အတူ Okja ဆိုတဲ့ စူပါဝက်ဟာ ကြီးပြင်းလာခဲ့တယ်။ Okja ၁ဝနှစ်ပြည့်သွားတဲ့အချိန် company က Okja ကို လာခေါ်တော့ Mija အဘိုးက Mija မသိအောင်ထည့်ပေးလိုက်တယ်။ Okja ကိုသံယောဇဉ်ကြီးလွန်းတဲ့ Mija တျောက် ဆိုးလ်မြို့ကိုလိုက်သွားပြီး Okja ကိုပြန်ခေါ်ဖို့ကြိုးစားတယ်။ အဲအချိန်မှာပဲ တိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင်စောင့်လျှောက်တဲ့ အနာခစ်အဖွဲ့ ALF (Animal Liberation Front) အဖွဲ့ကလည်း မျက်နှာဖုံးတွေစွပ်ပြီး အနာခစ်စံစံ Okja ကို company ကားထဲက လုယူကြတယ်။ ALF အနာခစ်တွေက Okja နဲ့ Mija သံယောဇဉ်ကိုတွေ့သွားတော့ Mija ရဲ့ခွင့်ပြုချက်တောင်းပြီး Okja နားရွက်အောက် ထောက်လှန်းရေး Black box ထည့်ပေးပြီး ကိုယ်ယောင်ဖျောက်သွားကြတယ်။ Okja လွတ်သွားတဲ့အဖြစ်မှာ company ဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေ Mija ကို ဖမ်းဆီးမှုဟာ Mirando Cooperation ရဲ့ ဈေးကွက်ပုံရိပ်ကို ထိခိုက်လာနိုင်တာကြောင့် Mija ကို စူပါဝက်ပြိုင်ပွဲရဲ့ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ပြီး company image ကို အဖတ်ဆယ်လိုက်တယ်။ အနာခစ် ALF တွေက Cooperation ကြီးရဲ့ လျှိုဝှက်ချက်တွေကို Okja ရဲ့ black box ကရတဲ့ data တွေနဲ့ ဖွင့်ပွဲအခန်းအနားမှာ ဖျက်စီးပြီး သိန်းနဲ့ချီတဲ့ Okja လို စူပါဝက်တွေရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ပါဝါ ဓန အာဏာ အပြင် အစိုးရတွေကိုပါ အိပ်ထဲထည့်နိုင်တဲ့ အရင်းရှင် Cooperation ကြီးက Black chock ကြေးစားတပ်တွေသုံးပြီး အနာခစ်တွေကို ဖြိုခွင်းပြိုက်တယ်။ ဇာတ်သိမ်းပိုင်းကို မပြောတော့ဘူး။ ကိုရီးယားကားဖြစ်တော့ Happy ending နဲ့ ဇာတ်သိမ်းပေမယ့် ပေးသွားတဲ့ message က ရသအပြင် သုတပါပေးသွားကြောင်းတော့ အရိပ်အမွပ် ပြောခဲ့ပါရစေ။ ဇာတ်လမ်းပြီးသွားလို့ စာတမ်းထိုးတဲ့အခါ စာတမ်းဆုံးမှ အနာခစ်တွေဘာထပ်လုပ်လေ့ရှိကြောင်းနဲ့ Long Live Revolution က ဘာလဲဆိုတာ တကူးတက ကြည့်အောင် ပညာသားပါပါ ဒါရိုက်တာ ဇာတ်ညွှန်းခွဲထားကြောင်း အသိပေးရင်း စာအုပ်လေးငါးအုပ်လောက်နဲ့ တန်ဖိုးညီတဲ့ တော်လှန်အနုပညာမြောက် ရုပ်ရှင်ကို movie review အဖြစ်ရေးသားလိုက်ပါတယ်။ Credit - ဇာတ်ညွန်း

ဇာတ်လမ်းအကြောင်း