ဇာတ်ကားများ ရွေးရန်

Beyond the Clouds

2017ဇာတ်ကားBlu-Ray 1080p

1997 ခုနှစ်မှာ oscar award nominate ဝင်ခဲ့တဲ့ Children of heaven ဆိုတဲ့ကားလေးကိုမှတ်မိကြမှာပါ အဲ့ကားလေးကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Majid Majid ရဲ့နောက်ထပ် မှော်ဆန်တဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်မှောင်မိုက်နေတဲ့ တိမ်တိုက်တွေရဲ့ အလွန်မှာဘာတွေရှိနေသလဲ။နေရောင်ခြည်ပြပြလေးတော့ရှိနေမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့အသက်ဆက်ရှင်နေရတဲ့လူ့ဘဝကြီးကိုပေါ်လွင်အောင်ရိုက်ပြထားတဲ့အိန္ဒိယကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လန်းလေးနာမည်ကတော့ Beyond the Clouds (2017)ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ... မွမ်ဘိုင်းမြို့ရဲ့လမ်းမတွေပေါ်မှာ ဆေးဝါးတွေကိုလိုက်လံပို့ဆောင်ပေးနေတဲ့ ကောင်လေး Amir... အကိုဖြစ်သူAmirကို ရဲလက်ထဲကနေကယ်တင်ဖို့ အကူအညီယူလိုက်ရတဲ့ Taara...Taara ကိုအကူအညီပေးရာမှ အခွင့်အရေးယူစော်ကားဖို့ကြိုးစားရင်း comaဖြစ်သွားခဲ့ရတဲ့ Akshi...ကိုယ့်ကိုထိပါးတဲ့လူကိုပြန်ခုခံခဲ့ရာကနေ Taari တစ်ယောက်ထောင်ကျဖို့ဖြစ်လာရပါတော့တယ်။အဲ့အချိန်မှာ ဆင်းရဲနွမ်းပါးသူသူတို့မောင်နှမ ဘာဆက်လုပ်ကြမလဲ။လုံးဝအမှောင်အတိဒုက္ခရောက်တဲ့အချိန်မှာရောက်လာနိုင်စရာမရှိတဲ့ အလင်းရောင်လေးကရောရောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုဖို့တော်တော်လေးတန်တဲ့ကားလေးတစ်ကားပါ။ Imdb Rating 6.9/10 ရထားပါတယ် Credit Review

ဇာတ်လမ်းအကြောင်း