Wander
အသက်ဘေးနဲ့ ကြုံလာရရင် ဒါမှမဟုတ် သွေးပျက်စရာ ကိစ္စတစ်ခုခုနဲ့ ကြုံလာရရင် ဓားစာခံအဖြစ်နေမလား ၊ ခေါင်းခံသူဖြစ်စေမှာလား ၊ ဒါမှမဟုတ် သေခြင်းကိုရွေးချယ်မလား ။ အာသာက ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ ၊ သာမန် စုံထောက်တစ်ယောက် ။ ဒါပေမဲ့ သူကိုင်တွယ်ရတဲ့ အမှုတစ်ခုရဲ့ နောက်ကွယ်မှာ ကြီးကြီးမားမား ရှုပ်ထွေးမှုတစ်ခု ကပ်ပါလာတော့ မိသားစုကိုပါ အန္တာရယ်နဲ့ ကြုံစေခဲ့မိပါတယ် ဘာကြောင့်လဲဆိုတာ အဖြေရှာမရပဲ သံသယစိတ်တွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ဝင်မဆံ့တော့တဲ့ အာသာမှာ ခွေးလေးတစ်ကောင်ရယ် ၊ သူ့ရဲ့ အလုပ်ဟောင်းနဲ့ ဆက်စပ်နေတဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဆွေးနွေးလေ့ရှိတဲ့ Podcast တစ်ခုရယ် ။ နောက် အတူအဖော်အဖြစ် Host လုပ်ပေးတဲ့ ဂျင်မီရယ် ။ နောက်ထပ် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရှယ်လီရယ်ပဲ သူ့ဘဝထဲကျန်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ နာကျင်မှုတွေပျောက်ဖို့ ဆေးအပြင်းစားတွေသောက်လိုက် အလွတ်တန်းစုံထောက်လုပ်ရင်း တစ်ရက်မှာ လူသတ်မှုတစ်ခု စုံစမ်းဖို့ အလုပ်အပ်ခံရပါတယ် ။ ဒီကနေ သူ့မိသားစုကြုံခဲ့ရတဲ့ ဖြစ်ရပ် ၊ သူနောက်ဆုံးကိုင်ခဲ့တဲ့ အမှုနဲ့ ဆက်နွယ်နေတာကို သတိထားမိရာမှ အာသာ့အတွက် နောက်ထပ် မျှော်လင့်ချက်ရောင်ခြည်တွေ ပြန်ရှင်သန်လာပါတယ် ဒီကားလေးက အမေရိကန်မှာ လက်ရှိရော အရင်ကရော ရင်ဆိုင်နေရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်ပြီး အစိုးရကနေ အနိုင်ထက်စီးပြုမူတဲ့ ဖြစ်ရပ်တွေ တကယ်ရှိတယ်ဆိုတာ တစ်ဖက်လှည့်ရော ၊ ဒဲ့ဒိုးရော ရိုက်ပြထားတာဖြစ်ပါတယ် Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူတော့ Nyi Nyi ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း