ဇာတ်ကားများ ရွေးရန်

Anti Matter

2016ဇာတ်ကားWeb-dl 1080p

အန်နာဟာသူ့ရဲ့ပါရဂူဘွဲ့အတွက်သုတေသနတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲစမ်းသပ်နေစဉ်အတွင်းမှာစမ်းသပ်ပစ္စည်းဟာရုတ်တရတ်ပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာသူမသိသေးပါဘူး။ဒီလိုနဲ့နေသန်ဆိုတဲ့ကောလိပ်စတက်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းရောက်လာချိန်မှာတော့အရာဝတ္ထုဟာဒီတိုင်းပျက်စီးသွားတာမဟုတ်ပဲတစ်နေရာရာကိုရွေ့သွားတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့အညီစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြပါတော့တယ်။နောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့အားဖြည့်ကူညီမှုပါဝင်လာပြီးနောက်သုတေသနလုပ်ငန်းဟာအရှိန်ဟုန်မြှင့်လာပါတော့တယ်။ဒါပေမယ့်သူတို့ဘယ်လောက်ထိအောင်မြင်သွားသလဲ။ စမ်းသပ်မှုမှာဘာတွေဖြစ်သွားသလဲ၊သုတေသနလုပ်တာဖြစ်တဲ့အတွက်ဘာတွေမှားယွင်းမှုရှိသွားသလဲ၊သိပ္ပံပညာရှင်တွေဆိုတာဘာတွေလဲ၊ဘယ်လိုစိတ်ဓာတ်ကြံခိုင်ရမလဲ၊ဆိုတာတွေကိုတွေ့ရမှာပါ။ဇာတ်ရှိန်အတက်အကျတွေနဲ့မသိတာတွေများစွာနဲ့မို့စိတ်ဝင်စားစရာကောင်းလှပါတယ်။Jumperတို့Flashဇာတ်လမ်းတွဲထဲကလိုuniverseတစ်ခုနဲ့တစ်ခုဘယ်လိုကူးပြောင်းသွားနိုင်မလဲ၊တစ်နေရာနဲ့တစ်နေရာချက်ချင်းဘယ်လိုရောက်သွားနိုင်မလဲ၊စကြာဝဠာနဲ့အချိန်ကာလဆိုတဲ့ကြားကရုတ်တရတ်ပြောင်းလဲမှုကြောင့်ဘာဘေးထွက်ဆိုးကျိုုးတွေထွက်သွားလိမ့်မလဲဆိုတာဒီကားလေးကတကယ့်သိပ္ပံအမြင်သိပ္ပံအသုံးအနှုန်းတွေနဲ့ရိုက်ပြသွားတာပါ။ Scienceစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျာ။ဘယ်လိုစိတ်ဝင်စားစရာကောင်းမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ပါ။ Credit Review

ဇာတ်လမ်းအကြောင်း