ဇာတ်ကားများ ရွေးရန်

Super Me

2019ဇာတ်ကားWeb-dl 1080p

တိုတောင်းလှတဲ့ လူ့ဘဝကြီးမှာ လိုတာမရ၊ ရတာမလိုတာမျိုးတွေကတော့ ရှိတတ်ပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ ဆိုရိုးအတိုင်း တကယ်ကြုံတွေ့နေရတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ။ ဆန်းယုဆိုတဲ့ ကောင်လေးတစ်ယောက်က သာမန်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ပါ။ နာမည်ကြီးတိုက်တွေကလည်းခေါ်မသုံးသလို ရေးလို့ရတဲ့ ဇာတ်ညွှန်းတွေကိုလည်း ပွဲစားလိုလူကနေမှ တစ်ဆင့်ရောင်းပြီး သူပေးသလောက်ပြန်ယူရတဲ့အခြေအနေကို ရောက်နေတာပါ။ ဆိုးချင်တော့ ဆန်းယုတစ်ယောက်က အိပ်မက်ဆိုးတွေမက်တဲ့ ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။ ခေါင်းချပြီး အိပ်ပျော်သွားတိုင်း အိပ်မက်ထဲမှာ အသက်ခံလိုက်ရလိုက်နိုးလာလိုက်နဲ့ ၆လလုံးလုံး ဒီလိုပဲစခန်းသွားနေခဲ့တာပါ။ ဒီလိုဖြစ်နေတော့ ဇာတ်ညွှန်းရေးဖို့ အဆင်မပြေ၊ မရေးနိုင်တော့ စားစရာမရှိ။ နောက်ဆုံးပန်ကိတ် အလကားကျွေးတာကို စားရတဲ့အထိဖြစ်သွားပါတယ်။ အဲ့ဒီကနေမှ ဆန်းယုတစ်ယောက် နေ့ချင်းညချင်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ May Chit ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း