ဇာတ်ကားများ ရွေးရန်

Jolt

2021ဇာတ်ကားWeb-dl 1080p

အမေရိကန်မင်းသမီး Kate Beckinsale အဓိကပါ၀◌င်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဟာသကားလေး Jolt ကိုလည်းရုပ်ရှင်ချစ်သူတို့ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ ၂၀၂၁ ဇွန် ၃ရက်နေ့ကမှထုတ်လွှင့်ထားတာဆိုတော့အရမ်းလည်းမကြာသေးတဲ့ရုပ်ရှင်ကားသစ်ဖြစ်ပါတယ်။ လင်ဒီဆိုတဲ့ကောင်မလေးဟာငယ်စဥ◌်ကတည်းကထူးဆန်းတဲ့စွမ်းအင်ကိုပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒါဟာလင်ဒီအတွက် လက်ဆောင်ကောင်းဆိုတာထက် ဆိုး၀◌ါးတဲ့အပြစ်ဒဏ်တစ်ခုလိုသာဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပတ်၀◌န်းကျင်ကလူတွေက မတော်မတရားတွေ၊ မကောင်းတဲ့အပြုအမူတွေကိုလုပ်တဲ့အခါ လင်ဒီဟာကိုယ့်ကိုယ်ကိုမထိန်းနိုင်ဘဲ ဒေါသကြီးလာပြီး ထိုလူတွေကိုထိခိုက်နာကျင်စေတာပဲဖြစ်ပါတယ်။ လင်ဒီ့မိဘတွေဟာအားလုံးဘေးကင်းလုံခြုံစေဖို့ လင်ဒီကိုတစ်ယောက်တည်းဆေးရုံမှာထားပြီး ကုသမှုအမျိုးမျိုးလုပ်ပေးကြပေမယ့် မထိရောက်ခဲ့ပဲပိုပိုပြီးသာ အထိန်းချုပ်မဲ့တဲ့ဒေါသတရားနဲ့ ခွန်အားသာပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စိတ်ကုထုံးဆရာ၀◌န် မွန်ချင်းကလျှပ်စစ်ကိရိယာတစ်မျိုးနဲ့ လင်ဒီကိုထိန်းချုပ်ဖို့ကြိုးစားတဲ့အခါမှာ အောင်မြင်သလောက်ရှိခဲ့ပါတယ်။ ဒီလျှပ်စစ်ကိရိယာအားကိုးနဲ့လူတွေကြားထဲပြန်၀◌င်ဆံ့ဖို့ကြိုးစားခဲ့တဲ့လင်ဒီရဲ့ခြေလှမ်းကတော့ဂျက်စတင်ဆိုတဲ့သူနဲ့ ကြင်ဖက်တွေ့တာပဲဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံခြင်းမှာကမောက်ကမတွေဖြစ်ခဲ့တဲ့လင်ဒီဟာ ဂျက်စတင်နဲ့ထပ်တွေ့ဖို့ငြင်းဆန်ခဲ့ပေမယ့် ဆရာ၀◌န်မွန်ချင်းရဲ့တိုက်တွန်းမှုကြောင့် နောက်ထပ်ချိန်းတွေ့မှုအထမြောက်ခဲ့ပါတယ်။ လူတွေကိုကြောက်လန့်ပြီး လူ့လောကအကြောင်းသိပ်မသိတဲ့လင်ဒီဟာ သဘောမနောကောင်းပုံရပြီး လင်ဒီရဲ့ဖြစ်တည်မှုကိုလက်ခံပေးတဲ့ဂျက်စတင်ကို ဒုတိယအကြိမ်တွေ့ဆုံမှုမှာပဲ အချစ်ကြီးချစ်မိသွားပါတော့တယ်။ တတိယအကြိမ်တွေ့ဖို့ချိန်းဆိုမှုအတွက် ကြိုတင် အပျော်လွန်ပြီး ရင်တွေခုန်နေတဲ့လင်ဒီဟာ နောက်တစ်နေ့ညမှာဂျက်စတင်အသတ်ခံလိုက်ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ရူးမတတ်ခံစားခဲ့ရပါတယ်။ ပထမဆုံးချစ်မိတဲ့သူအသတ်ခံလိုက်ရတဲ့လင်ဒီဟာ ဂျက်စတင်ရဲ့သေဆုံးမှုကိုစုံစမ်းဖို့အတွက်နည်းလမ်းပေါင်းစုံကိုအသုံးပြုတော့တဲ့အခါ... ဒီလိုနဲ့ဂျက်စတင်ရဲ့သေဆုံးမှုနောက်ကွယ်မှာဘာတွေရှိနေဦးမလဲ?? အချစ်ကိုယုံစားမိတဲ့လင်ဒီဘယ်လိုတွေရင်ဆိုင်ရမလဲ??? ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း