Rurouni Kenshin: Final Chapter Part II - The Beginning
ဂျပန် Manga Series တွေကြိုက်နှစ်သက်သူများကတော့ Rurouni KenShin ဆိုရင်အားလုံးသိလောက်မယ်ထင်ပါတယ်။ ၂၀၁၂ခုနှစ်နဲ့ ၂၀၁၄ခုနှစ်တွေမှာ Rurouni KenShin Manga ကိုရုပ်ရှင်အပိုင်းဆက်တွေအဖြစ်နဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ်မှာလည်း Neflix ကနေ Rurouni Kenshin ကို “The Beginning” နဲ့ “The Final”ဆိုပြီး ရုပ်ရှင်အပိုင်းဆက်နှစ်ခုထုတ်လွှင့်ခဲ့ပါတယ်။ အခုမိတ်ဆက်ပေးမှာကတော့ ၂၀၂၁၊ ဇွန်လ ၄ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Rurouni KenShin : The Beginning ဖြစ်ပါတယ်။ ၁၈၆၀အတောအတွင်း ဂျပန်နိုင်ငံရဲ့သက်ဦးဆံပိုင်လူတန်းစားခွဲခြားတဲ့စနစ်ကနေ လွတ်လပ်တဲ့လူတန်းစားအဖွဲ့အစည်းကိုကူးပြောင်းတဲ့ Meiji တော်လှန်ရေးကိုအခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ ခေတ်တစ်ခေတ်ရဲ့စနစ်အကူးအပြောင်းမှာမြေစာပင်ဖြစ်ခဲ့ရတဲ့ အချစ်တစ်ခုကိုဦးတည်ပြီးရိုက်ကူးထားပါတယ်။ အနှိမ်ခံလူတန်းစားဘ၀ကနေလွတ်မြောက်ချင်တဲ့တော်လှန်ရေးသမားတွေပူးပေါင်းဖွဲ့စည်းထားတဲ့ချိုရှုအဖွဲ့မှာ သွေးအေးလူသတ်သမား ဘတ်တိုဆိုင် (ခ) ဟီမူရာ ဟာ သူတို့အဓိကဦးတည်တဲ့မူးမတ်မျိုးနွယ် ရှိုဂန်တွေကိုသုတ်သင်ရှင်းလင်းရာမှာဦးဆောင်ပါ၀◌င်တဲ့သူဖြစ်ပါတယ်။ ဟီမူရာဟာခံစားချက်မရှိဘူးလို့ထင်ရလောက်အောင် သွေးအေးကာရက်စက်တဲ့သူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေးမှာလည်းပြိုင်ဘက်ကင်းမဲ့လောက်အောင်ထူးချွန်လွန်းပါတယ်။ ဟီမူရာကခြောက်လအတွင်းမှာရှိုဂန်အယောက်တစ်ရာကျော်ကိုသတ်ခဲ့တဲ့အတွက် ရှိုဂန်တွေအတွက်တော့ ဟီမူရာဟာအဓိကချေမှုန်းရမယ့်ရန်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုသွေးအေးပြီးတစ်ယောက်တည်းနေတတ်တဲ့ ဟီမူရာကိုတိုက်ခိုက်နိုင်ဖို့ ရှိုဂန်တွေဟာနည်းလမ်းပေါင်းစုံရှာလာတဲ့အခါမှာတော့... ပြိုင်ဘက်ကင်းမဲ့တဲ့ဟီမူရာရဲ့အားနည်းချက်ကိုရှိုဂန်တွေကဘယ်လိုဖန်တီးမလဲ... သွေးအေးလွန်းတဲ့လူသတ်သမားဟီမူရာရဲ့ဘ၀ကိုအချစ်တစ်ခု၀◌င်ရောက်လာတဲ့အခါဘာတွေပြောင်းလဲသွားမလဲ.... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း