Oldboy
လွန်ခဲ့သော ၁၇ နှစ်ကထွက်ရှိခဲ့တဲ့ thriller ကားလေးဖြစ်ပြီး ကိုရီးယားရဲ့ Greatest Of All Time ထဲမှာ ပါတဲ့ movieလေးပါ။ နာမည်တူ ဂျပန် manga ကို အခြေခံ ရိုက်ကူးထားပြီး ဒါရိုက်တာ Park Chan-wook ရဲ့ နာမည်ကြီး The Vengeance Trilogy ထဲက ဒုတိယမြောက် movie လည်းဖြစ်ပါတယ်။ The Vengeance Trilogy သုံးကားမှာ ပထမဆုံးကားက Sympathy for Mr. Vengeance (2002)အခုကား Oldboy (2003) ပြီးတော့ နောက်ဆုံး Lady Vengeance (2005) တို့ပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းအရ အဆက်အစပ်မရှိပေမယ့် လက်စားချေမှုတွေ ၊ စိတ္တဇဆန်ဆန် အကြောင်းအရာတွေ၊ အတော့်ကိုပြင်းထန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ စသဖြင့် theme တူညီနေတာကြောင့် The Vengeance Trilogy ဆိုပြီး ဝေဖန်ရေးဆရာတွေရဲ့ တင်စားပြောဆိုခြင်းကို ခံရတဲ့ Park Chan-wook လက်ရာကောင်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ ၃ကားထဲမှာမှ Hollywood ကနေ ပြန်လည်ရိုက်ကူးရသည်အထိ ( Marvelရဲ့ Thanosကြီးနဲ့ Scarlet witchတို့ ပါဝင်ထား) အောင်မြင်ခဲ့ပြီး rating အမြင့်ဆုံးက Oldboyပါ။ တူအသေးစားလေးတစ်လက်ကိုင်ပြီး ကွန်ဒိုတိုက်ခန်းရဲ့ လမ်းကျဥ်းကျဥ်းလေးထဲမှာ လူဆိုးတစ်ဂိုဏ်းလုံးကို အပြတ်ဆော်တဲ့ ဇာတ်ဝင်ခန်းကို Marvelရဲ့ နာမည်ကြီး Daredevil series မှာ ပြန်လည် ကူးယူ သုံးစွဲထားခြင်း ခံခဲ့ရသည်အထိပါပဲ။ နိုင်ငံတကာက ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ အင်မတန်များပြားတဲ့အပြင် သမိုင်းတစ်လျှောက်အကောင်းဆုံး neo- noir film လို့ကို သတ်မှတ်ထားခြင်းခံရပါတယ်။ ကျန်၂ကား စလုံးကလည်း rating တွေမြင့်တဲ့အပြင် အရမ်းကို ကြည့်ကောင်းတဲ့ movieတွေ ချည်းဖြစ်ပြီး တကယ့်ကို အမိုက်စား Trilogy ပါ။ ဆိုတော့ Oldboy ရဲ့ ဇာတ်ကြောင်းအနည်းငယ်ကတော့- 1988 ခုနှစ်၊ အိုဒဲ့ဆု ဆိုတဲ့ သာမာန်အလုပ်သမားလေးဟာ သူ့ရဲ့ ပုံမှန်အလုပ်ပြန်ချိန် ညနေခင်းလေးတွေလိုပဲ အိမ်မပြန်ခင် ယမကာလေးနဲ့ အရင်ဆုံး တွေ့ဆုံပြီး မူးယစ်နေခဲ့ပါတယ်။ ဒီနေ့ကတော့ တခြားနေ့တွေထက် ပိုမိုထူးခြားတဲ့ နေ့လေးတစ်နေ့ပေါ့။ ချစ်သမီးလေးရဲ့ အသက် ၄နှစ်ပြည့်တဲ့ မွေးနေ့လေးဖြစ်တာကြောင့် သမီးအတွက် အရုပ်လက်ဆောင်ဝယ်လာခဲ့တယ်။ လောလောဆည်တော့ သူများကောင်မလေးကို မူးပြီး မှားဆွဲတာကြောင့် အိမ်မရောက်ခင် စခန်းမှာသောင်တင်နေတယ်။ သူငယ်ချင်း ဂျိုဟွမ်က စခန်းကနေ လာရောက် ခေါ်ထုတ်ပြီး မကြာခင် လမ်းဘေး ဖုန်းရုံလေးမှာ အိုဒဲ့ဆု ကို ပြန်ပေးဆွဲခြင်း ခံလိုက်ရပါတယ်။ ဂျိုဟွမ်တောင် မသိလိုက်ဘဲ ပျောက်သွားခဲ့ရတယ်။ သူနိုးနိုးလာချင်း သိလိုက်ရတာတော့ တိုက်ခန်းတစ်ခု ထဲမှာ ရောက်ရှိနေတာပါပဲ။ ဘယ်လိုပဲ အော်ဟစ်တောင်းပန်ပြီး မေးမေး ခြိမ်းခြောက်ပြောဆိုပြီး မေးမေး အဲ့အခန်းငယ်လေးထဲမှာပဲ ၁၅နှစ်နေရမယ် ဆိုတာကလွဲပြီး ဘာမှ သိခွင့်မရ။ အစာကျွေးတယ် ရေချိုးခန်း အိမ်သာ အပြည့်အစုံနဲ့ ထားပြီး နှိပ်စက်ခြင်းပြုခြင်း ဘာမှမရှိ။ သီချင်းသံကြားရပြီး ဓာတ်ငွေ့တွေ ထွက်လာရင် မကြာခင် သူအိပ်ပျော်သွားတယ်။ နိုးလာရင် ဆံပင်တွေက အစ ညှပ်ပြီးသား။ အကြိမ်ကြိမ် သေကြောင်းကြံခဲ့ပေမယ့် သေခွင့်လည်းမပေး။ အခန်းထဲက TV လေးတစ်လုံးကို အဖော်ပြုရင်း နှစ်ကြာလာတဲ့အခါ လက်စားချေဖို့အတွက် စိတ်ရော လူရော အဆင့်သင့် ဖြစ်နေအောင် ပြင်ဆင်ပြန်တယ်။ အနည်းဆုံးတော့ ဘာ့ကြောင့် ဒီလိုမျိုး ပြစ်ဒဏ်ခံနေရသလဲ ဆိုတာတော့ သိဖို့ အတွက်တော့ ရှင်သန်ရဦးမယ် မလား။ ၁၅နှစ် ပြည့်မြောက်ပြီးတဲ့ နောက်ရက်မှာတော့ အပြင်လောကမှာ သူနိုးထလာခဲ့တယ်။ တကယ်တော့ ဖုန်းရုံလေးရဲ့ အနောက်ဘက် ကပ်လျက်ရှိတဲ့ တိုက်ခန်းတွေဆီမှာ ၁၅နှစ်လုံးလုံး အပိတ်ခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ တိုက်ခန်းထဲက TV မှာ လာတဲ့ သတင်းအရတော့ အိုဒဲဆုဟာ သူ့မိန်းမကို သတ်ပစ်ပြီး ထွက်ပြေးသွားတဲ့ ဝရမ်းပြေးတစ်ယောက် လည်း ဖြစ်နေတဲ့အပြင် ၁၅နှစ်လောက် လူ့လောကနဲ့ အဆက်အသွယ် အဖြတ်ခံခဲ့ရတာကြောင့် ဘယ်လို အကူအညီမျိုးမှလည်း သူ့အတွက် ရှိမနေတော့ပါဘူး။ ဆိုတော့ ဘာအတွက်ကြောင့် ဒီလိုမျိုး ဘယ်သူက လုပ်သလဲ? ဆိုတဲ့ မေးခွန်းအတွက် အိုဒဲဆုရဲ့ရေဆုံးမြေဆုံး လိုက်လံ ရှာဖွေပုံတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ " ရယ်နေရင် ကမ္ဘာကြီးလည်း ခင်ဗျားနဲ့ အတူ လိုက်ရယ်တယ် ငိုမယ်ဆိုရင်တော့ ခင်ဗျား တစ်ယောက်ထဲပဲ ငိုရမှာ" *Spoiler Alert* ရုပ်ရှင်တစ်ခုကို ကြည့်တဲ့အခါ မိမိကြိုက်နှစ်သက်တဲ့ ရုပ်ရှင်အများစုဟာ တစ်လ တန်သည် နှစ်လ တန်သည် ကာလအတန်ကြာနေသည်အထိ စိတ်ထဲ စွဲနေတတ်တာ ဓမ္မတာပင်။ ဇာတ်လမ်းဆုံးသွားသည့် အချိန်မှာ ခံစားချက်တွေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဖန်တီးသူတွေရော ပါဝင်ကြသူတွေကိုပါ အံ့အားသင့်မိတယ်။ ဘယ်လိုကြောင့်များ ဒီလိုဇာတ်လမ်းမျိုးကို တွေးမိရေးမိ ကြသလဲ? ဘယ်လိုကြောင့်များ ဒီလိုဇာတ်လမ်းမျိုးကို စိတ်နှစ်ပြီး အသက်ဝင်အောင် သရုပ်ဆောင်ကြတာလဲ? အံ့အားသင့်မိသည့်စိတ် နှင့်တပြိုင်တည်းလိုလို လက်ဖျားခါလောက်အောင် ကောင်းမွန်တဲ့ အချက်ကိုပါ လက်ခံပြီး ချီးကျူးမိခဲ့တယ်။ ဒါဟာ ဇာတ်လမ်းကောင်းတွေကို ကြည့်မိသူတိုင်း ဒီခံစားချက်ကို နားလည်မှာပါ။ Oldboy ကို ပြန်ကြည့်ရတဲ့ ခံစားချက်ကျတော့ တစ်မျိုး။ နေမကောင်းဖြစ်လို့ ဆေးထိုးခံရသလိုပဲ။ နာမှာလည်း သိတယ် မဖြစ်မနေ ထိုးသင့်တယ်ဆိုတာလည်း သိတယ်။ စိတ်ညစ်ရမှာ သိပေမယ့် သိပ်ကောင်းတဲ့ movieမို့ ပြန်လည်ခံစားချင်မိတာလည်း ထိန်းမရ။ ကြည့်ဖူးခဲ့သမျှ neo noir အမျိုးအစားတွေထဲမှာရော ရှိရှိသမျှ ရုပ်ရှင်တွေထဲမှာရော Oldboy ထဲက ဗီလိန်လောက် ရက်ရက်စက်စက် လက်စားချေတဲ့ ဗီလိန်မျိုး မရှိသေးဘူးလို့ ထင်မိတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ဆိုတဲ့ စံနှုန်းတွေထဲမှာ အချိန်အကြာကြီး ပါနေနိုင်တာပါပဲ။ Oldboyကြည့်ပြီးချီးကျူးရမယ့် အကြောင်းအရာတွေထဲမှာ Choi Min-soek က မပါလို့မရ။ မှော်ဝင်နေသလို သရုပ်ဆောင်ချက်ကြီးတွေက ကျောချမ်းစရာပါပဲ။ final scene ကြီးကို မေ့မရသည်က သူ့ကြောင့်။ လျှို့ဝှက်ချက်ကြီးက ကြည့်သူပါ surprise မိခဲ့သလို သူကိုယ်တိုင်လည်း surprise ဖြစ်နေဟန်ကြီးက တကယ့်ကို အသက်ဝင်လွန်းတယ်။ ချက်ချင်းကြီးခွေးလိုတွေ ဟောင်ပြ လျှာကို ကွကို ပြန်ဖြတ်ပြနေတဲ့ သူ့ကိုကြည့်ပြီး ကိုယ်တိုင်ပါ ကြည့်နေရင်းရူးသွပ်ချင် လာတယ်။ CMSလိုပဲ ဒါရိုက်တာဟာ တခြားသရုပ်ဆောင်တွေကိုလည်း oldboy ကနေစပြီး ပိုမြင့်မားတဲ့ သရုပ်ဆောင်အဆင့်အတန်းတစ်ခုဆီကို တဆစ်ချိုး ရောက်ရှိသွားအောင် ဆွဲခေါ်သွားနိုင်ခဲ့မယ် ဆိုတာကလည်း ငြင်းလို့မရပါဘူး။ oldboy ကို ထပ်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် page မှာ ရေးချင်သေးတဲ့ စိတ်ကြောင့် ကြည့်လိုက်မိတော့ The Vengeance Trilogy ကို စုံလင်သွားအောင် နောက်၂ကားကိုပါ ဆက်ကြည့်ချင်တဲ့ စိတ်ပါ ပေါ်လာတယ်။ ဆိုတော့ Dirty Carnival လို neo noir film မျိုးလည်း တင်ခဲ့ဖူးတော့ DC ကို ကြိုက်ရင် Oldboy ဟာလည်း မှတ်မှတ်ရရ ဖြစ်စေပါလိမ့်မယ် လို့ အကြံပြုရင်း . . . . . . . . . . . . . . . Warning: age rating ဟာ အသက်မပြည့်သေးသော သူများနဲ့ မသင့်တော်သော ပြကွက်တချို့နဲ့ အကြောင်းအရာများကြောင့် R (18+) အဆင့် သတ်မှတ်ထားပါတယ်။ Credit Horcrux ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း