The Return
ဒီတစ်ခါတော့စိတ်လှုပ်ရှားဖွယ် Horror Movies Crazy လေးတွေအတွက်အချိန်ရောက်လာပါပြီ။ ၂၀၂၁၊ ဩဂုတ်လ ၁၁ရက်မှာထွက်ရှိထားတဲ့ The Return (2021) ဟာပုံမှန် Horror Movie တွေနဲ့မတူဘဲ ထူးထူးဆန်းဆန်းစိတ်၀◌င်စားစရာဇာတ်ကားလေးလို့ပြောလို့ရပါတယ်။ ရော်ဂျာရဲ့အဖေသေဆုံးပြီးနောက် ဖခင်ဖြစ်သူရဲ့သေတမ်းစာအရ ငယ်စဥ◌်ကလေးဘ၀ကနေထိုင်ခဲ့တဲ့အိမ်ကြီးကို ရော်ဂျာတစ်ယောက်အမွေဆက်ခံခဲ့ရပါတယ်။ အဲ့ဒီအိမ်ကြီးကို ရော်ဂျာနဲ့အတူ ချစ်သူဘတ်သ်၊ ငယ်သူငယ်ချင်းမလေး ဂျော်ဒန်တို့နဲ့အတူသုံးယောက်သားထွက်လာခဲ့ကြပါတယ်။ ရော်ဂျာငယ်စဥ◌်တုန်းက ညီမဖြစ်သူအမ်မလီယာသေဆုံးပြီးနောက် မိခင်ဖြစ်သူဟာလည်းထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ရော်ဂျာဟာကလေးဘ၀ရဲ့ မှတ်ဉာဏ်များထူးဆန်းစွာ ပျောက်ကွယ်သွားပါတော့တယ်။ ဘာကြောင့်မှတ်ဉာဏ်တွေပျောက်ဆုံးသွားရသလဲကိုရော်ဂျာမသိသလို ယခုဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်ရပ်မှာ ဘာအတွက်ကြောင့်ဖခင်သေဆုံးရသလဲဆိုတာကိုလည်းမသိပါဘူး။ အမွေဆက်ခံရတဲ့အိမ်ကြီးထဲရောက်လာပြီးနောက်မှာတော့ရော်ဂျာဟာထူးဆန်းမှုတွေစတင်ကြုံတွေ့ရပါတော့တယ်။ ဒါ့အပြင်တစ်ပိုင်းတစ်စဦးနှောက်ထဲရောက်လာတဲ့ငယ်ဘ၀မှတ်ဉာဏ်တွေကြောင့် ဒီအိမ်ကြီးနဲ့ပတ်သက်ပြီးအားလုံးဟာရော်ဂျာ့အတွက်ပဟေဠိဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့မှတ်ဉာဏ်ကွယ်ပျောက်နေတဲ့ရော်ဂျာနဲ့အတဂျော်ဒန်တို့ဟာ ရော်ဂျာ့ဖခင်ရဲ့သေဆုံးမှုကိုခြေရာခံလိုက်တဲ့အခါမှာ ဘာလျှို့၀ှက်ချက်တွေကိုရှာဖွေတွေ့ရှိသွားမလဲ။ ရော်ဂျာတို့မိသားစုကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ။ ဒါ့အပြင် သူငယ်ချင်းဇုန်ထဲသွင်းခံထားရတဲ့ဂျော်ဒန်ရဲ့ရော်ဂျာ့အပေါ်ထားရှိတဲ့ တကယ့်စိတ်ထားရဲ့နောက်မှာ ချစ်သူဖြစ်တဲ့ဘတ်သ်ကဘယ်လိုရင်ဆိုင်ရမလဲ။ ဒီဇာတ်ကားကိုအညွှန်းနဲ့ဘာသာပြန်ပေးတာကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း