Coda
ဒီတစ်ခါကတော့ ၂၀၂၁၊ ဩဂုတ်လ၁၃ရက်နေ့ကမှထွက်ရှိထားတဲ့ CODA ဆိုတဲ့ဇာတ်ကားလေးပါ။ မိသားစု Comedy-Drama ရုပ်ရှင်ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့နဲ့မစိမ်းတဲ့ဇာတ်ကားအမျိုးအစားလေးပါပဲ။ ရူဘီတို့မိသားစုဟာအမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်ကကမ်းခြေလေးမှာ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးကြပါတယ်။ ရူဘီရဲ့အဖေ၊ အမေနဲ့ အစ်ကိုဖြစ်သူတို့သုံးယောက်စလုံးဟာဆွံ့အနားမကြားသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့်ရူဘီကတော့နားကြားနိုင်ပြီး စကားပြောနိုင်ရုံသာမက၊ ချိုသာကောင်းမွန်လှတဲ့အသံကိုလည်းပိုင်ဆိုင်ထားပါတယ်။ သီချင်းဆိုခြင်းဟာရူဘီရဲ့အနှစ်သက်ဆုံးအရာဖြစ်သော်လည်း ငွေကြေးချို့တဲ့တဲ့မိသားစုနဲ့အတူ ငါးဖမ်းလိုက်ရတဲ့ ရူဘီဟာဂီတကောလိပ်ဆက်တတ်ဖို့ကိုမမျှော်မှန်းနိုင်ပါဘူး။ ဒါပေမယ့်ရူဘီဟာသူတစ်ဖက်သက်သဘောကျနေတဲ့ မိုင်းလ်စ်နဲ့အတူရှိချင်တာကြောင့် မိုင်းလ်စ်စာရင်းသွင်းခဲ့တဲ့ကျောင်းတွင်းဂီတကလပ်ကို စာရင်းလိုက်သွင်းရင်း ဂီတဆရာဘယ်ရ်နာဒိုနဲ့တွေ့ဆုံခဲ့ပါတယ်။ ဘယ်ရ်နာဒိုဟာ ရူဘီရဲ့ထူးချွန်တဲ့အရည်အချင်းကိုသိရှိပြီး ဘောစတွန်ကဂီတသင်တန်းကျောင်းကိုတတ်နိုင်ဖို့ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဆွံ့အနားမကြားတာကြောင့်လူ့ အဖွဲ့အစည်းရဲ့အပြင်ဘက်ကိုရောက်နေပြီး ပုံမှန်လူတွေနဲ့ဆက်သွယ်ဖို့ အမြဲတမ်းစကားပြန်လိုအပ်နေတဲ့ ကျန်မိသားစုသုံးယောက်ကိုစိတ်မချနိုင်ဖြစ်တာကြောင့် ရူဘီမှာသူ့အိမ်မက်နောက်ကိုလိုက်ဖို့ ေ၀ခွဲမရတွေဖြစ်နေခဲ့ပါတယ်။ မသန်စွမ်းဖြစ်နေပေမယ့်လည်း အရင်ကတည်းကနွေးထွေးပြီးစည်းလုံးတဲ့ရူဘီတို့မိသားစုလေးက ရူဘီ့ကိုနားလည်မှုပေးနိုင်မှာလား ? ရူဘီ့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်မှာလား ? မွေးရာပါအားနည်းချက်လေးတစ်ခုကြောင့်လူတွေနဲ့ဆက်ဆံရမှာကြောက်ရွံ့နေတဲ့ရူဘီ့ရဲ့မိသားစုကရော ဘယ်လိုတွေဆက်ဖြစ်မလဲ ? ဒီဇာတ်ကားကိုဘာသာပြန်ပြီးအညွှန်းရေးပေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း