ဇာတ်ကားများ ရွေးရန်

Risen

2021ဇာတ်ကားWeb-dl 1080p

တိုးတက်လာတဲခေတ်မီနည်းပညာတွေနဲ့နည်းတူ သဘာ၀လွန်နည်းပညာတွေကိုပါဖန်တီးလာနိုင်တဲ့ ၂၁ရာစုမှာ ဒွန်တွဲလာတဲ့လူစိတ်အ၀◌င်စားဆုံးခေါင်းစဥ◌်တစ်ခုကတော့ ကမ္ဘာပျက်မယ့်နေ့ပဲဖြစ်ပါတယ်။ ဘာသာရေးအသီးသီးကကျမ်းစာတွေထဲမှာလည်း ကမ္ဘာကြီးအဆုံးသတ်ခြင်းက တဖြည်းဖြည်းနီးကပ်လာပြီလို့ဆိုထားသလို ယခုလက်ရှိမှာလည်း ထိန်းချုပ်ရခက်ခဲတဲ့ရောဂါအသစ်အဆန်းတွေ၊ ယိုယွင်းလာတဲ့ရာသီဥတုကြောင့်ဖြစ်ပေါ်လာတဲ့ သဘာ၀ဘေးအန္တရာယ်တွေ၊ ပြင်းထန်နေတဲ့စစ်မက်ဖြစ်ပွားမှုတွေ အစရှိတဲ့ကပ်ဘေးတွေကြောင့် လူသားမျိုးနွယ်တွေဟာ မျိုးတုန်းပျောက်ကွယ်မှုကိုပါရင်ဆိုင်ရလုနီးပါးဖြစ်နေတာတော့ အားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ဒီလိုကမ္ဘာကြီးအဆုံးသတ်သွားအောင်လုပ်နေကြတဲ့ တရားခံတွေဟာ ဘယ်သူတွေပါလဲ ? ၂၀၂၁၊ ဩဂုတ်၂၀ရက်နေ့မှာထွက်ရှိထားတဲ့ Risen ဆိုတဲ့ Science-Fiction ရုပ်ရှင်မှာတော့ အားလုံးစိတ်၀◌င်စားပြီးကြိုတင်တုန်လှုပ်နေကြတဲ့ အထက်ပါအကြောင်းအရာကို ရင်ထိတ်စရာကြည့်ရှုရမှာပါ။ အမေရိကန်နိုင်ငံပန်ဆီလ်ဗေးနီးယားပြည်နယ်မှာ ထူးဆန်းစွာဖြစ်ပေါ်ခဲ့တဲ့ပေါက်ကွဲမှုတစ်ခုကြောင့် ဘတ်ဂျာမြို့က မြို့သူမြို့သားထောင်ကျော်ဟာတစ်ယောက်မကျန်သေဆုံးသွားခဲ့ပါတယ်။ အဆိပ်သင့်ဓာတ်ငွေ့တွေပါထုတ်လွှတ်နိုင်တဲ့ဒီအရာကိုဘာမှန်းသေသေချာချာမသိကြသေးပေမယ့်လည်း အများစုကတော့ ဥက္ကာပျံကျရောက်မှုလို့ပဲထင်ကြေးပေးခဲ့ကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နာဆာက ထူးဆန်းတဲ့အာကာသလွန်ဗေဒပညာရှင် ဒေါက်တာလော်ရန်စတုန်းကို အမေရိကန်စစ်တပ်ကအရေးပေါ်ဆင့်ခေါ်ခဲ့ပါတယ်။ ပေါက်ကွဲမှုအပြီးနှစ်ရက်အကြာမှာတော့ သေဆုံးသွားတဲ့ဘတ်ဂျာမြို့သားတွေထဲက ၄၉ယောက်ဟာထူးဆန်းစွာပြန်လည်ရှင်သန်လာခဲ့ကြပါတယ်။ ကြောက်စရာပေါက်ကွဲမှုအပြီး ထူးဆန်းစရာ၊ ထိတ်လန့်စရာနောက်ဆက်တွဲတွေသာဖြစ်ပေါ်လာနေတဲ့အတွက် ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာမှတိကျတဲ့အရာဆိုတာမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ကမ္ဘာတစ်၀ှမ်းမှာ ဒီလိုပဲပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီးလူသားမျိုးနွယ်ကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။ နောက်ဆုံးမှာအားလုံးထင်နေကြတဲ့ ဂြိုလ်ကမ္ဘာကျူးကျော်မှုတွေနဲပါ လူသားမျိုးနွယ်တွေရင်ဆိုင်ရမှာလား? ဘယ်သူမှဘာမှန်းရေရေရာရာမသိရတဲ့ဒီသဘာ၀လွန်ဖြစ်ရပ်နဲ့ ဒေါက်တာလော်ရန်စတုန်းကဘယ်လိုပတ်သက်မှုတွေရှိနေခဲ့မလဲ? တကယ်ရောကမ္ဘာကြီးကအဆုံးသတ်ချိန်နီးလာပြီလား... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း