ဇာတ်ကားများ ရွေးရန်

Respect

2021ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတော့ American Biographical Musical Film အမျိုးအစားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးမှာပါ။ ၂၀၂၁ခုနှစ်၊ ဩဂုတ် ၁၃ရက်နေ့မှာထွက်ထားတဲ့ Respect ဇာတ်ကားကတော့ အမေရိကန်မှာလူဖြူလူမည်းခွဲခြားဆက်ဆံခံနေရတဲ့အချိန် အမေရိကန်နိုင်ငံရဲ့တစ်ခေတ်မှာတစ်ယောက်ပေါ်ထွက်ခဲ့တဲ့ လူမည်း Jazz အဆိုတော် အယ်ရီသာဖရန်ကလင်းရဲ့ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ “Queen of Souls” လို့အသိအမှတ်ပြုခံရတဲ့ Jazz ဘုရင်မအယ်ရီသာဖရန်ကလင်းဟာ Broken Family က ကလေးတစ်ယောက်ဖြစ်ပါတယ်။ မိခင်အဆိုပညာရှင်ဆီကနေအမွေဆက်ခံတဲ့ အယ်ရီသာဟာ ညီအစ်မတွေထဲမှာ အဆိုပညာအထူးချွန်ဆုံးကလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖခင်တရားဟောဆရာကပဲ အယ်ရီသာတို့ညီအစ်မတွေကိုစောင့်ရှောက်ထားပြီး မိခင်နဲ့တစ်ခါတစ်ရံမှတွေ့ရတာပါ။ မိခင်ရဲ့အနီးကပ်စောင့်ရှောက်မှုမရှိတဲ့အယ်ရီသာလေးဟာ အသက်၁၂နှစ်အရွယ်မှာပဲ သူ့နေအိမ်မှာမုဒိမ်းကျင့်ခံခဲ့ရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဖြစ်ဆိုးကိုကြုံတွေ့ထားရတဲ့အယ်ရီသာအတွက် ဘ၀ပျက်မတတ်ခံစားလိုက်ရပြန်တာကတော့ မကြာခင်မှာပဲဖြစ်ပေါ်လာတဲ့ မိခင်ဖြစ်သူသေဆုံးမှုဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ နာကျင်စရာတွေတစ်လှေကြီးကြုံတွေ့ပြီး ဖခင်ဖြစ်သူရဲ့နားလည်ပေးမှုကိုလည်းမရနိုင်တဲ့အယ်ရီသာဟာ ဂီတကိုပဲဘ၀တစ်ခုအနေနဲ့မှတ်ယူခဲ့ပါတယ်။ ငယ်စဥ◌်ကကြုံတွေ့ခဲ့ရတဲ့အရိပ်မည်းဟာ အယ်ရီသာရဲ့စိတ်အစဥ◌်ကိုအမြဲလိုလိုခြောက်လှန့်နေခဲ့သလို ဘ၀တစ်လျှောက်လုံးမှာလည်းနာကျင်စရာတွေထပ်မံကြုံတွေ့ရတဲ့ အယ်ရီသာဟာ အခက်အခဲတွေကြားထဲကပဲ အောင်မြင်မှုအမျိုးမျိုးကိုရယူနိုင်ခဲ့ပါတယ်။ ဘ၀မှာကြုံတွေ့ရတဲ့နာကျင်ခြင်းတွေကိုတောင့်ခံရင်း ပူလောင်နေခဲ့တဲ့အယ်ရီသာရဲ့ဘ၀ ဘယ်လိုငြိမ်းချမ်းမှုကိုရှာတွေ့သွားမလဲဆိုတာကို အတုယူသိရှိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါတယ်။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးပေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း