ဇာတ်ကားများ ရွေးရန်

Extinct

2021ဇာတ်ကားWeb-dl 1080p

၂၀၂၁ခုနှစ် ဖေဖော်၀◌ါရီလ ၃ရက်နေ့မှာထွက်ခဲ့တဲ့ Extinct ဆိုတဲ့ Funny and Adventure အမျိုးအစား Animated Movieလေးထဲမှာတော့ အမွှေးထူထူ၊ ခပ်သေးသေး လုံးလုံး၀၀နဲ့ ထူးထူးခြားခြား ဒိုးနပ်ပုံစံ ခန္ဓာကိုယ်အလယ်မှာအပေါက်ပါတဲ့ ဖလမ်မယ်ကောင်လေးတွေကို ပရိသတ်တွေအသည်းတယားယားနဲ့မြင်တွေ့ရမှာပါ။ ဂါလာပါဂိုကျွန်းပေါ်ကရှားပါးဖလမ်မယ်မျိုးစိတ်အုပ်စုထဲမှာ အော့ပ်နဲ့ အက်ဒ်ဆိုတဲ့မောင်နှမနှစ်ယောက်လည်းပါ၀◌င်ပါတယ်။ သဘောမနောကောင်းပေမယ့် အမြဲတမ်းအရာရာနဲ့အကြောင်းကြောင်းဖြစ်တတ်တဲ့ အော့ပ်နဲ့ အက်ဒ်ကိုဖလမ်မယ်မျိုးနွယ်စုကလျစ်လျူရှုပြီး ပယ်ထားကြပါတယ်။ နှစ်တိုင်းကျင်းပတဲ့ပန်းပွဲတောကျင်းပမယ့်အချိန်မှာ ထုံးစံအတိုင်းအော့ပ်နဲ့ အက်ဒ်ရဲ့တလွဲစိန်လုပ်မှုကြောင့် ပွဲတော်ပျက်စီးလုနီးပါးကိုဖြစ်သွားပါတယ်။ ဒါကြောင့် မျိုးနွယ်စုခေါင်းဆောင်က အော့ပ်နဲ့ အက်ဒ်ကိုပန်းပွဲတော်မှာပါ၀◌င်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ပွဲတော်မှာပါ၀◌င်ခွင့်မရဘဲ အပြစ်ကိုဆင်ခြင်သုံးသပ်နေရတဲ့အော့ပ်နဲ့ အက်ဒ်ဟာ သူတို့ရဲ့အပြစ်ကိုခွင့်လွှတ်မှုရယူဖို့အတွက်ပိုကောင်းတဲ့ပန်းတွေကိုရှာဖွေရင်း ထူးခြားတဲ့ပန်းပွင့်ကြီးတစ်ခုကိုတွေ့သွားတဲ့အခါမှာတော့... ထူးထူးခြားခြားလှပနေတဲ့ပန်းကြီးကိုသဘောတွေကျပြီး စပ်စုချင်တဲ့ အော့ပ်နဲ့ ညီမလုပ်သမျှကိုငြီးငြီးငြူငြူနဲ့ အမြဲအလိုလိုက်ပေးတဲ့ အက်ဒ်တို့ဟာ ပန်းပွင့်ကြီးကိုခူးဖို့ကြိုးစားရင်းနဲ့ ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲဆိုတာတော့ ပရိတ်သက်ကြီးတို့ကကြည့်ရှုပေးကြပါဦး။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း