ဇာတ်ကားများ ရွေးရန်

Worth

2020ဇာတ်ကားWeb-dl 1080p

အမေရိကန်ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးစင်တာကိုအကြမ်းဖက်တွေတိုက်ခိုက်ခဲ့ကြတဲ့ 9/11 တိုက်ခိုက်မှုကိုအားလုံးမှတ်မိကြမှာပါ လူပေါင်းမြောက်များစွာသေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်အပျက်ကြီးတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကြီးမှာအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကိုနစ်နာကြေးပေးပြီး ကူညီဖို့ကြိုးစားခဲ့တဲ့ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ ကန်နက်ဖန်းဘာ့ခ်ဟာနာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ပြီး သူမနိုင်တဲ့အမှုဆိုတာမရှိသလောက်ပါပဲနစ်နာကြေးပေးအပ်မယ့်အစီအစဉ်ကိုဖန်းဘာ့ခ်တစ်ယောက်ကူညီမယ်ဆိုပြီးဆုံးဖြတ်ခဲ့ပါတယ် ဒါပေမယ့်လူတစ်ယောက်ရဲ့အသက်ကိုငွေကြေးဘယ်လောက်နဲ့တန်ဖိုးဖြတ်ရမလဲဆိုတာကို ဆုံးဖြတ်ရတာဟာမလွယ်ကူပါဘူး ကျန်ရစ်သူမိသားစုတွေကလည်း သေဆုံးသွားတဲ့မိသားစုတွေကိုငွေကြေးအစားထိုးမယ်ဆိုတာက လက်မခံနိုင်ဖွယ်ဖြစ်နေပါတယ်ဖန်းဘာ့ခ်တစ်ယောက်အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲ နစ်နာကြေးပေးအပ်မယ့်အစီအစဉ်ကရော အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Hom ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း