The Colony
Science Fiction ဇာတ်ကားကိုမှနှစ်သက်တဲ့သူတွေအတွက် ၂၀၂၁ခုနှစ်၊ ဩဂုတ် ၂၆ရက်နေ့မှာထွက်ရှိလာတဲ့ The Colony: Tides ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာကြီးတစ်ချိန်မှာတကယ်ပဲပျက်သွားမှာလား? ကမ္ဘာကြီးအဆုံးသတ်သွားရင်ဘာတွေဖြစ်မလဲ? တစ်နေ့တစ်ခြားရာသီဥတုတွေပြောင်းလဲပြီး ကပ်ဘေးအန္တရာယ်တွေအမျိုးမျိုးကျရောက်လာတဲ့ကမ္ဘာကြီး ရဲ့အဆုံးသတ်ကဘယ်လိုမျိုးဖြစ်မလဲ? ကမ္ဘာကြီးပျက်စီးသွားရင်လူသားတွေနေဖို့ဘယ်နေရာက အစားထိုးဂြိုလ်ကမ္ဘာြဖစ်လာမလဲ? သိပ္ပံပညာတွေတိုးတက်နေတဲ့အနောက်တိုင်းကပညာရှင်တွေကတော့ဒီမေးခွန်းတွေအတွက်ကိုနေ့တိုင်းအဖြေထုတ်ဖို့ကြိုးစားနေကြပါတယ်။ ဒီတစ်ခေါက် The Colony: Tides ဆိုတဲ့ဇာတ်ကားထဲမှာတော့ကမ္ဘာကြီး ဘေးဒုက္ခရောက်သွားပြီးနောက် အခြားတစ်ဖက်ကိုရိုက်ကူးထားတယ်လို့ဆိုရမှာပါ။ ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုကြိုသိတဲ့ပညာရှင်တွေဟာ အာကာသယာဥ◌်မှူးတွေကိုတာ၀◌န်ပေးပြီး ကမ္ဘာမြေအစားထိုးဂြိုလ်ကမ္ဘာကိုကြိုတင်ရှာဖွေခဲ့ပါတယ်။ ကမ္ဘာကြီးရေလွှမ်းမိုးပြီး လူသားတွေနေဖို့ခက်ခဲသွားတဲ့အခါမှာတော့ ရှာဖွေတွေ့ရှိထားတဲ့ ဂြိုလ်အသစ် ကပလာ၂၀၉ကိုပြောင်းရွှေ့ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် သမုဒ္ဒရာရေတွေနဲ့အလုံးစုံလွှမ်းမိုးလုနီးပါးဖြစ်နေတဲ့ ကမ္ဘာပေါ်မှာအသက်ပြင်းစွာနဲ့ရှင်သန်ကျန်ရစ်ခဲ့တဲ့ လူသားမျိုးနွယ်စုတွေလည်းကျန်ရှိနေပြန်ပါတယ်။ ဒီလူသားတွေကိုလေ့လာဖို့အတွက် အသစ်ဂြိုလ်ကမ္ဘာပေါ်ကအာကာသယာဥ◌်မှူးတွေဟာ ကမ္ဘာမြေဆီပြန်လာရင်းမတော်တဆမှုတစ်ခုကြောင့် အာကာသယာဥ◌်ပျက်ကျခဲ့ရပါတယ်။ ပြင်းထန်တဲ့မတော်တဆမှုနဲ့ မမျှော်လင့်ပဲကြုံတွေ့လာရတဲ့တိုက်ခိုက်မှုတွေကြောင့် အတူတာ၀◌န်ထမ်းဆောင်တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုဆုံးရှုံးခဲ့ရတဲ့ အာကာသယာဥ◌်မှူးဘလိပ်ခ်ဟာ ပျက်စီးနေတဲ့ဂြိုလ်ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ဖို့ခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရတဲ့သူတွေနဲ့တွေ့တဲ့အခါ... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း