Empire of Lust
18+ အချို့ပါဝင်သောကြောင့် မိသားစုနှင့်အတူတူမကြည့်သင့်ပါ ဒီဇာတ်ကားဟာ ၁၃၉၈ ခုနှစ် ဂျိုဆွန်းခေတ်က နိုင်ငံရေးပဋိပက္ခတွေကြားက ချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဂင်မင်ဂျယ်၊ အီဘန်ဝန်၊ ဂျင်နဲ့ ဂါဟီးဆိုတဲ့ အဓိကဇာတ်ကောင်၄ယောက် ပါဝင်ပါတယ်။ ဂင်မင်ဂျယ်က ဂျိုဆွန်းတိုင်းပြည်ကိုကာကွယ်နေတဲ့ ထူးချွန်ထက်မြက်တဲ့ စစ်သူကြီးဖြစ်တဲ့အပြင် ဘုရင့်ရဲ့ယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်။ အီဘန်ဝန်ကတော့ ထယ်ဂျိုဘုရင်ရဲ့ ၅ယောက်မြောက်သားတော်ဖြစ်ပြီး ဂျိုဆွန်းတိုင်းပြည်ကို တည်ထောင်ဖို့ ခမည်းတော်ကိုကူညီပေးခဲ့ပေမဲ့ အိမ်ရှေ့စံအဖြစ် တင်မြှောက်ခြင်းမခံခဲ့ရပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာ ဘုရင်ဖြစ်လာဖို့ ကြံစည်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဂျင်ကတော့ ဂင်မင်ဂျယ်ရဲ့သားဖြစ်ပြီး ဘုရင့်သမက်တော်လည်းဖြစ်ပါတယ်။ ဘုရင့်သမက်တော်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးကိစ္စတွေကို ဝင်မပါပဲ ပျော်ရွှင်မှုကိုသာ ရှာဖွေနေတဲ့သူဖြစ်ပါတယ်။ ဂါဟီးကတော့ အပျော်မယ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စစ်သူကြီးဂင်မင်ဂျယ်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂါဟီးက ဂင်မင်ဂျယ်ရဲ့သားဖြစ်တဲ့ ဂျင်နဲ့ဘယ်လိုပတ်သက်နေမလဲ....နိုင်ငံရေးပဋိပက္ခတွေကြားထဲက အချစ်နဲ့သစ္စာဖောက်မှု၊ သစ္စာစောင့်သိမှုနဲ့ လက်စားချေမှုတို့ကို သေချာရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း