ဇာတ်ကားများ ရွေးရန်

The Starling

2021ဇာတ်ကားWeb-dl 1080p

ရှင်သန်နေတဲ့လူ့ဘ၀အတောအတွင်းမှာ ကြုံတွေ့လာရတဲ့အခက်အခဲ၊ ပြဿနာတစ်ခုမဟုတ်တစ်ခုအတွက် ကျွန်မတို့ဘ၀ကြီးကိုလက်လျှော့စွန့်လွှတ်ချင်ရလောက်တဲ့အထိ ပင်ပန်းစိတ်ဓာတ်ကျတတ်ပါတယ်။ ဒါပေမယ့် ရခဲလှတဲ့လူ့ဘ၀ကြီးမှာနာကျင်စရာအဖြစ်အပျက်တစ်ခုအတွက်နဲ့ အတိတ်မှာနစ်မျောမနေဘဲ ကြမ်းတမ်းတဲ့လောကကြီးမှာဆက်လက်ရင်ဆိုင် ကြိုးစားနိုင်ဖို့ခွန်အားတွေလည်းလိုအပ်ပါတယ်။ ဒါကတော့ ကျွန်မတို့ချစ်ရတဲ့သူတွေ၊ ချစ်ရတဲ့အရာတွေအနားမှာရှိနေဖို့ပါပဲ။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၇ရက်နေ့မှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ရုပ်ရှင်လေးကတော့ ရုပ်ရှင်ကြည့်ပရိတ်သက်ကြီးတို့အတွက် ဘ၀နေထိုင်မှုနဲ့ပတ်သက်တဲ့ရသတစ်ခုကိုပေးစွမ်းနိုင်မှာသေချာပါတယ်။ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်ခ်နဲ့လီလီဟာ သမီးဖြစ်သူကက်တီဆုံးပါးသွားချိန်မှာတော့ ဖြေမဆည်နိုင်တဲ့၀◌မ်းနည်းခြင်းတွေနဲ့ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပုံမှန်ဘ၀မှာပြန်လည်ရပ်တည်နိုင်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူဂျက်ခ်ကတော့စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာကုသမှုခံယူနေခဲ့ရပါတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုကြီးအတွက် စိတ်ဓာတ်ကျဆင်းနေတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ အချင်းချင်း‌ေ၀◌းကွာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အရမ်းချစ်တဲ့ဇနီးမောင်နှံတွေပီပီလောကဓံကိုဘယ်လိုအနိုင်ယူသွားကြမလဲ??? ဒီဇာတ်ကားအတွက်အညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း