ဇာတ်ကားများ ရွေးရန်

Shiddat

2021ဇာတ်ကားအမှတ် 8/10Web-dl 1080p

အခုတစ်ခေါက်မှာတော့ Shiddat (Journey Beyond Love) ဆိုတဲ့အသစ်ထွက်အိန္ဒိယအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားမှာဆိုရင်ဇာတ်ကားနာမည်လေးအတိုင်းပဲအချစ်အတွက်မိုင်ပေါင်းများစွာ စွန့်စားခရီးနှင်ပြီးသွားခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်ဂျက်ဂီဟာ ကာတီကာဆိုတဲ့မိန်းကလေးကို ရူးရူးမူးမူးစွဲလမ်းနေပေမယ့် ကာတီကာကတော့ ဂျက်ဂီကိုအပျော်သဘောတွဲပြီးအချိန်တန်ရင်လန်ဒန်ကကောင်လေးတစ်ယောက်နဲ့လက်ထပ်မယ့်သူဖြစ်ပါတယ် ဒါပေမယ့်ကာတီကာဟာသုံးလအကြာလန်ဒန်မှာ ကျင်းပမယ့် သူ့ရဲ့မင်္ဂလာပွဲကိုဂျက်ဂီတစ်ယောက်ရောက်လာနိုင်မယ်ဆိုရင် မင်္ဂလာပွဲကိုဖျက်သိမ်းပေးမယ်ဆိုတဲ့ကတိတစ်ခုပေးခဲ့ပါတယ်ဒီကတိတစ်ခွန်းကြောင့်ပဲ ဂျက်ဂီဟာလန်ဒန်ကိုမရောက်ရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ် နောက်ဆုံးမှာဂျက်ဂီတစ်ယောက်သူလိုချင်တဲ့ ကာတီကာရဲ့အချစ်ကိုရရှိပြီးပျော်ရွှင်စရာ ဇာတ်သိမ်းလေးဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော် Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Rium ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း