ဇာတ်ကားများ ရွေးရန်

What Happened to Mr Cha?

2021ဇာတ်ကားWeb-dl 1080p

ချာအင်ဖြိုးဟာနာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာသူကတောင်တက်သွားရင်းငိစ္စတစ်ခုကြောင့်လူရုပ်မပေါက်လောက်အောင်ရွှံ့တွေပေကျံသွားမို့ တစ်နေရာရာမှာရေ၀င််ချိုးဖို့ဖြစ်လာပါတော့တယ် ဒါပေမယ့်သူရေချိုးဖို့သွားတဲ့နေရာကမိန်းကလေးကျောင်းရဲ့ရေချိုးခန်းဖြစ်နေပါတယ် ဒါ့အပြင်ကျောင်းကြီးကအိုဟောင်းပြီးဖြိုချပစ်ရမယ့်အခြေအနေရောက်နေတာကြောင့် သူရေချိုးနေတဲ့အချိန်တိုက်ဆိုင်ပြီးအကုန်ပြိုကျသွားပါတော့တယ် ချာအင်ဖြိုးတစ်ယောက်မြေအောက်မှာကိုယ်တုံးလုံးကြီးနဲ့ပိတ်မိသွားခဲ့ပါတယ် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တာကတစ်ကြောင်း၊မိန်းကလေးကျောင်းမှာရောက်နေတာတကြောင်း၊ကိုယ်လုံးတီးဖြစ်နေတာတစ်ကြောင်း၊ ကယ်ဆယ်ရေးမခေါ်နိုင်ပဲမန်နေဂျာနဲ့ပဲသူ့ကိုကယ်ထုတ်ဖို့ပြောရ ပါတော့တယ် ဒီလိုတိုးတိုးတိတ်တိတ်ကယ်ဆယ်ရေးကအောင်မြင်ပါ့မလား၊အသက်ထက်သိက္ခာကိုပိုဂရုစိုက်နေတဲ့ချာအင်ဖြိုးတစ်ယောက်နောက်ဆုံးထိသူ့သိက္ခာကိုကာကွယ်နိုင်ပါ့မလား.. ဒီဇာတ်ကားကိုအညွန်းရယ် ဘာသာပြန်ပေးသူကတော့ Shin May ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း