A Girl at My Door
A Girl at My Door (2014) ဒီတစ်ခါမှာတော့ 2014 ခုနှစ်က ထွက်ရှိခဲ့ပြီး ImDb 7.0 နဲ့ ဆုပေါင်းများစွာရရှိထားတဲ့ A Girl At My Door ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ စခန်းမှူး အီယောင်းနမ်နေရာမှာတော့ Kingdom နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Baek doona နဲ့ ဆွန်းဒိုဟီးနေရာမှာတော့ မင်းသမီးလေး Kim saeron တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အီယောင်းနမ်ဟာ ကိစ္စတစ်ခုကြောင့် ရာထူးလျှော့ခံရပြီး နယ်မြို့လေး တစ်မြို့ဆီ စခန်းမှူးရာထူးနဲ့ ရောက်လာခဲ့ပါတယ် ။ တစ်ရက်မှာ အီယောင်းနမ် ကင်းလှည့်ရင်း ကလေးမတစ်ယောက် အနိုင်ကျင့်ခံနေရတာကို မြင်လို့ ဝင်ကူညီပေးခဲ့ရာကစပြီး အီယောင်းနမ်နဲ့ မထုံတတ်တေး ကလေးမလေး ဆွန်းဒိုဟီးတို့ရဲ့ ရေစက်က စတင်ခဲ့ပါတယ် ။ ဆွန်းဒိုဟီးကတော့ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အပြင် အိမ်မှာလည်း အဘွား နဲ့ အဖေဖြစ်သူဆီကနေ ဆဲဆို ရိုက်နှက်ခံရသူပါ ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဒိုဟီးကို လိုက်ရိုက်ရင်းကနေ အဘွားဖြစ်သူက ပင်လယ်ထဲကို ဆိုင်ကယ်ချော်ကျပြီး သေဆုံးသွားပါတော့တယ် ။ ဒီကိစ္စအကြောင်းပြုလို့ ကလေးမလေး ဒိုဟီးဟာ အိမ်မှာ ပိုအရိုက်ခံလာပြီး အဆုံးသတ်မှာတော့ စခန်းမှူး အီယောင်းနမ်အိမ်ကို ထွက်ပြေးလာခဲ့ပါတယ် ။ ဒိုဟီး စခန်းမှူးအိမ်မှာ နေပြီး တစ်လအကြာမှာတော့ ကလေးရဲ့ အဖေဖြစ်သူက စခန်းမှူး အီယောင်းနမ်ကို ကလေးအပေါ် လိင်အမြတ်ထုတ်မှုနဲ့ တရားစွဲလိုက်ပါတော့တယ် ။ နှိပ်စက်ခံရတဲ့ ကလေးမလေးကို ကာကွယ်ချင်စိတ်နဲ့ အိမ်ခေါ်ထားမိတဲ့ စခန်းမှူး အီယောင်းနမ်တစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ ။ ဒါ့အပြင် သူ ဆိုးလ်ကနေ ရာထူးလျှော့ခံရတဲ့ အကြောင်းအရင်းကရော ဘာကြောင့်လဲဆိုတာတွေကိုတော့ ဇာတ်လမ်းနဲ့ အတူ ခပ်ငြိမ့်ငြိမ့်လေး လိုက်ပါခံစားရမှာ ဖြစ်ပါတယ် ။ File size…1.72GB / 837MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Mystery, Psychological, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း