ဇာတ်ကားများ ရွေးရန်

Endless Rain

2021ဇာတ်ကားWeb-dl 1080p

ယောင်းဟိုဆိုတဲ့ကောင်လေးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်မြောက်ဖြေဆိုဖို့ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပါ တစ်နေ့မှာတော့ မူလတန်းကျောင်းတုန်းကသူသဘောကျခဲ့တဲ့ ဆိုအွန်းလို့ခေါ်တဲ့ကောင်မလေးဆီကို စာရေးပို့ခဲ့ပါတယ် ဒါပေမဲ့ဆိုအွန်းက နာတာရှည်ရောဂါခံစားနေရပြီး အိပ်ရာထဲလဲနေတဲ့အတွက် ယောင်းဟိုပေးတဲ့စာကိုသူ့ညီမဆိုဟီးကပဲဖတ်ပြခဲ့ရပြီး ဆိုအွန်းကယောင်းဟိုကိုမမှတ်မိတဲ့အတွက် ပြန်စာကိုလည်းဆိုဟီးကပဲ ဆိုအွန်းအ​ဖြစ်နဲ့ရေးပို့ခဲ့ပါတယ် ဒီလိုနဲ့ပဲဆိုဟီးနဲ့ယောင်းဟိုတို့ စာနဲ့အပြန်အလှန်ဆက်သွယ်စကားပြောခဲ့​ကြပြီး ဒီဇင်ဘာလ ၃၁ရက်နေ့မှာ မိုးရွာရင်ဆုံကြမယ်လို့ကတိထားခဲ့ကြပါတယ် ဒါ​ပေမဲ့ ဆိုအွန်းကရော နေပြန်ကောင်းလာပါ့မလား ကတိပေးထားတဲ့အတိုင်းဆုံတွေ့နိုင်ပါ့မလား... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း