Bad Trip
ဒီတစ်ခါမှာတော့ ၂၀၂၁ခုနှစ် မတ် ၂၆ရက်နေ့ကထွက်ရှိခဲ့တဲ့ Netflix ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားလေးကတော့ အူတက်အောင်ရယ်ရမယ့် Comedy & Drama ဇာတ်ကားလေး Bad Trip ပါ။ ငယ်စဉ်ကတည်းကဖလော်ရီဒါမှာမွေးပြီး ဖလော်ရီဒါမှာကြီးပြင်းလာခဲ့တဲ့ ခရစ်နဲ့ဘတ်တို့သူငယ်ချင်းနှစ်ယောက်ကတော့ တကယ့်ကိုအူကြောင်ကြားတွေပါပဲ။ အမြဲလိုလိုတလွဲတွေလုပ်တတ်တဲ့ ခရစ်ဟာ အလုပ်အကိုင်အတည်တကျမရှိဘဲ အချိန်ပိုင်းအလုပ်တွေနဲ့ပဲနှစ်ပါးသွားရသလို ဖုန်းပြင်ဆိုင်လေးမှာအဆင်ပြေနေတဲ့ ဘတ်ကလည်း ကြမ်းကြမ်းရမ်းရမ်းနဲ့အစ်မဖြစ်သူ ဂန်းစတားကြီးထရီနာကို သေအောင်ကြောက်ရပါတယ်။ ဒီလိုပုံမှန်ရိုးရှင်းတဲ့ဘဝထဲမှာပဲ သိမ်ငယ်စွာကျင်လည်နေရတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့အိမ်မက်ကတော့ တစ်နေ့မှာ စွန့်စားခန်းကြီးကြီးမားမားတွေလုပ်နိုင်ရမယ်ဆိုတာပါပဲ။ သူတို့ရဲ့အိမ်မက်ကလည်း တကယ်ကိုအထမြောက်လာခဲ့ပါတယ်။ ခရစ်အထက်တန်းထဲကတစ်ဖက်သတ်ချစ်လာခဲ့တဲ့ မာရီယာကို ပြန်လည်တွေ့ဆုံပြီး မာရီယာကသူရှိရာနယူးယော့ခ်ကပြခန်းကိုလာလည်ဖို့ ဖိတ်ခေါ်လိုက်ချိန်မှာတော့ ခရစ်တစ်ယောက်မျောက်အုန်းသီးရသလိုဖြစ်ခဲ့ပါပြီ။ အထက်တန်းကတစ်ခန်းရပ်ခဲ့တဲ့ တစ်ဖက်သက်အချစ်ဇာတ်လမ်းကိုပြန်လည်အသက်သွင်းဖို့ ခရစ်ချလိုက်တဲ့ဆုံးဖြတ်ချက်ကတော့ သူငယ်ချင်းဖြစ်သူဘတ်ရဲ့ ထောင်ထဲရောက်နေတဲ့အစ်မထရီနာ့ကားကိုခိုးပြီး နယူးယော့ခ်ကိုသွားဖို့ပါပဲ။ အစ်မကိုကြောက်ရတဲ့ဘတ်ကလည်းအစပိုင်းတော့ငြင်းဆန်ပေမယ့် သူငယ်ချင်းကိုတွယ်တာလွန်းပြီး အိမ်မက်ကိုလည်းလက်မလွှတ်နိုင်တာကြောင့် ကားခိုးပြီးသွားဖို့သဘောတူလိုက်ပါတယ်။ ဒါပေမယ့် အူကြောင်ကြားနှစ်ယောက်ရဲ့ကံဆိုးမှုကတော့ မဆုံးနိုင်တဲ့ဂမုန်းခိုင်ပါပဲ။ ခရစ်နဲ့ဘတ်တို့ခရီးထွက်ကြတဲ့နေ့မှာပဲ ထရီနာကလည်းထောင်ဖောက်ပြီးထွက်ပြေးလာခဲ့ပါတယ်။ သူ့ရဲ့ကားကိုတသသရှိလွန်းတဲ့ထရီနာဟာ သူအပြင်ရောက်ရောက်ချင်း ကားဂိုထောင်ဆီသွားတဲ့အခါမှာတော့.... တောသားမြို့တက်သူငယ်ချင်းနှစ်ယောက် ခရီးလမ်းတစ်လျှောက်မှာအလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်လိုတွေကြုံတွေ့ရမလဲ... သူတို့ရဲ့အိမ်မက်တွေရောအမှန်တကယ်ဖြစ်ပါ့မလား??? ဒီဇာတ်ကားလေးရဲ့ထူးခြားချက်တော့ ပုံမှန်ရိုက်ကွင်းမှာရိုက်တဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ ပုံမှန်လူတွေကြားမှာတင် Prank တွေလုပ်ပြီး Hidden Camera တွေနဲ့ရိုက်ထားတဲ့ဇာတ်ကားဆိုတော့ သဘာဝနဲ့တစ်သားတည်းကျနေပြီး တော်တော်လေးသဘောကျစရာကောင်းတဲ့ဇာတ်ကားဖြစ်လို့ အခုပဲသွားကြည့်လိုက်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ ဇာတ်လမ်းဇာတ်ကွက်အချို့နဲ့ ဒိုင်ယာလော့ခ်တော်တော်များများက Rated R ဖြစ်နေတာကြောင့် ကလေးသူငယ်တွေနဲ့ကြည့်ရှုဖို့တော့မသင့်ပါဘူးနော်။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း