How I Became a Super Hero
ဒီတစ်ခါတော့ ပြင်သစ်စကားပြော Supernatural ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၁ခုနှစ်၊ ဧပြီ ၂၁ရက်နေ့မှာ Netflix ကနေထုတ်လွှင့်ခဲ့တဲ့ How I became a SuperHero ဆိုတဲ့ဇာတ်ကားလေးပါ။ မိုရိုဟာပြင်သစ်ရာဇဝတ်မှုနှိမ်နင်းရေးဌာနက လူထုရာဇဝတ်မှုထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ စူပါလူသားတွေနဲ့ လူသားတွေရောနှောနေထိုင်ကြတဲ့ပါရီမြို့ထဲမှာ ဆက်တိုက်ဆိုသလိုထူးဆန်းတဲ့ရာဇဝတ်မှုတွေဖြစ်ပေါ်လာပါတယ်။ တစ်ဦးတစ်ယောက်မှာသာ သီးသန့်ထူးခြားစွမ်းအင်အဖြစ်ရှိတတ်တဲ့ စွမ်းအားတွေဟာ သာမာန်လူငယ်အများစုဆီကိုတစ်နည်းနည်းနဲ့ရောက်ရှိနေတာပါပဲ။ ဒီအမှုကို မိုရိုနဲ့ ဌာနကိုအသစ်ပြောင်းလာသူရှက်ဇ်မန်းကတွဲဖက်ပြီး အမှုကွင်းဆက်တွေကိုစုံစမ်းဖော်ထုတ်တဲ့အခါမှာတော့... ဒီထူးခြားစွမ်းအင်တွေကို သာမာန်လူငယ်တွေဆီရောက်အောင်ဖန်တီးနေတဲ့သူကဘယ်သူလဲ?? ဘာရည်ရွယ်ချက်နဲ့လဲ??? ဒီဇာတ်ကားကိုဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း