ဇာတ်ကားများ ရွေးရန်

Passing

2021ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတော့ ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၂၇ရက်မှာထွက်ခဲ့တဲ့ အေးအေးငြိမ့်ငြိမ့် Netflix ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ ၁၉၂၀ခုနှစ်က ခေတ်အခြေအနေကိုနောက်ခံထားပြီး အဖြူအမည်းနဲ့ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူ့အခွင့်အရေးဆိုတာကိုအပြည့်အဝရနေတဲ့ ကမ္ဘာ့ထိပ်ဆုံးအမေရိကန်နိုင်ငံဟာလည်း တစ်ချိန်တုန်းက လူမျိုးစုခွဲခြားမှုများရှိခဲ့တဲ့နိုင်ငံဆိုတာ တော်တော်များများသိကြလိမ့်မယ်ထင်ပါတယ်။ လူဖြူလူမည်းခွဲခြားမှုပြင်းထန်ခဲ့တဲ့ ခေတ်တစ်ခေတ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဒီရုပ်ရှင်ထဲမှာတော့ အိုင်းရင်းဟာလူမည်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆရာဝန်ဘရိုင်ယန်ဟာလည်း လူမည်းတစ်ယောက်ဖြစ်ပါတယ်။ အိုင်းရင်းဟာ တည်ငြိမ်အေးဆေးကာ ရင့်ကျက်တဲ့အမျိုးသမီးဖြစ်ပြီး ခင်ပွန်းနဲ့သားနှစ်ယောက်ဖြစ်သူအပေါ်မှာ အလွန်တာဝန်ကျေတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘဝကိုစိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ အေးချမ်းနေတဲ့အိုင်းရင်းဟာ အလွန်ပူတဲ့နေ့တစ်နေ့မှာတော့ ငယ်သူငယ်ချင်းဖြစ်သူ ကလဲရ်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ကလဲရ်ကအိုင်းရင်းနဲ့ပြန်တွေ့ရတာကို ပျော်ရွှင်နေသလောက် အိုင်းရင်းကတော့ဝမ်းသာပုံမပေါ်ပါဘူး။ လူမည်းကိုမှအရမ်းမုန်းတီးတဲ့ လူဖြူသူဌေးတစ်ယောက်နဲ့အိမ်ထောင်ကျပြီး လိုလေးသေးမရှိပြည့်စုံနေတဲ့ ကလဲရ်ရဲ့နောက်ကြောင်းကရောဘယ်လိုဖြစ်မလဲ...??? အိုင်းရင်းရဲ့ဘဝထဲကို ကလဲရ်ဝင်ရောက်လာပြီးတဲ့နောက်မှာ မသက်မသာနဲ့ စိတ်ညစ်ညူးဖွယ်ရာဖြစ်ရတဲ့ ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...??? ဒီဇာတ်လမ်းအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း