tick, tick...BOOM!
အမေရိကန် Musical Film တွေဆိုရင်တော့ မပေါက်တဲ့ရုပ်ရှင်ဆိုတာမရှိသလောက်ပါပဲ။ ဂီတကိုစိတ်ဝင်စားကြတဲ့သူတွေကြောင့် ထွက်သမျှ Musical Film တိုင်းကပုံမှန်ထပ်ပိုပြီးအောင်မြင်တာချည်းပါပဲ။ အခုလည်း Netflix ကနေ musical film အသစ်တစ်ခုကိုရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ Drama အမျိုးအစားလည်းဖြစ်သလို ပြဇာတ်ဂီတပညာရှင်ဂျွန်နသန်လာဆန်ရဲ့ အတ္ထုပတ္တိကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျွန်ဟာပြဇာတ်ဂီတပညာရပ်မှာ သူမတူအောင်ထူးချွန်တဲ့သူမျိုးပါ။ ဒါပေမယ့် ကံတရားကမျက်နှာသာမပေးတော့ သူ့ရဲ့အနုပညာဟာလျစ်လျူရှုခံရပြီးတိမ်မြုပ်နေခဲ့ရပါတယ်။ ဘဝမှာအခက်အခဲတွေအများကြီးရင်ဆိုင်ရတဲ့ဂျွန်နသန်ဟာ သူ့အတွက်အိမ်မက်တစ်ခုဖြစ်တဲ့ ဂီတပညာကိုတော့လုံးဝလက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့အိမ်မက်ဆီကိုလျှောက်တဲ့လမ်းမှာ ချစ်ရခင်ရသူတွေဆီကရတဲ့နာကျင်ခြင်းတွေ၊ ဘဝရဲ့ကျရှုံးမှုတွေကြောင့် အခါခါလဲကျခဲ့ရပေမယ့် ဂျွန်နသန်ကသူ့ရဲ့အိမ်မက်ကို အရှုံးမပေးဘဲပုံဖော်သွားမလဲဆိုတာ...လေးနက်တဲ့ခံစားချက်တွေပါတဲ့သီချင်းတွေနဲ့ပုံဖော်ထားတဲ့ဒီဇာတ်ကားကိုပရိသက်ကြီးသဘောကျနှစ်ခြိုက်မှာအမှန်ပါပဲ။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း