ဇာတ်ကားများ ရွေးရန်

Cash

2021ဇာတ်ကားWeb-dl 1080p

ခေါင်းထဲမှာအမြဲအကြံဉာဏ်တွေနဲ့ပြည့်နေတတ်တဲ့ အာရ်မာန်၊ဘုရားတရားနဲ့ ဗေဒင်ယတြာမျိုးစုံယုံကြည်တဲ့ ဆိုဒါ သူတို့သူငယ်ချင်းနှစ်ယောက်ပေါင်းလုပ်တဲ့အလုပ်တိုင်းက မအောင်မြင်ပါဘူး။ တစ်ရက်အစိုးရက တရားမဝင်ငွေမည်းတိုက်ဖျက်ရေးအတွက် အရင်ငွေအဟောင်းတွေသုံးခွင့်မရှိပါဘူးဆိုတဲ့ အမိန့်ကိုထုတ်ပြန်လိုက်တဲ့အချိန်မှာ အာရ်မာန်က ငွေမည်းကနေ ငွေဖြူပြောင်းတဲ့အလုပ်ကို ကော်မရှင်ခ ယူပြီးလုပ်ဖို့အကြံရသွားပါတော့တယ်။ သူ့ဦးလေးဟာလည်းသူ့ရဲ့ငွေတွေရဲ့သူ့ပါတနာဖြစ်တဲ့ဝန်ကြီးလောင်း ဂေါသမ်အာချရ်ယားရဲ့ငွေတွေ အားလုံးသန်၅၀ကို အာရ်မာန်ဆီအပ်ပြီးငွေဖြူပြောင်းခိုင်းပါတော့တယ်။ ငွေမည်းလိုက်ဖမ်းတဲ့ရဲအရာရှိပင်ဂလေးဟာလည်း သူ့ရဲ့တားဂတ်ဖြစ်တဲ့ ၁ဘီလီယံအထိရအောင် ငွေမည်းတွေလိုက်သိမ်းဖို့ ကြံစည်ထားတဲ့လူပါ။ ဒီလိုနဲ့ အာရ်မာန်တို့အုပ်စု ရဲအရာရှိဆီမှာဖမ်းမိသွားမလား၊ အာရ်မာန်တို့အုပ်စု ဝန်ကြီးလောင်ဂေါသမ်အာချရ်ယားနဲ့ ဘယ်လိုတွေပြဿနာတက်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း