Rumble
တိုတောင်းလှတဲ့လူ့ဘဝကြီးမှာ သင့်ရဲ့ဘဝကိုဘယ်လိုပုံစံမျိုးနေထိုင်ချင်ပါသလဲ? ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အောင်မြင်နေတဲ့တစ်စုံတစ်ယောက်ကိုအားကျနေတာမျိုးလား? သူ့လိုမျိုးအောင်မြင်ချင်လို့ သူနဲ့တူအောင်အတုယူနေထိုင်နေမိရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုလျစ်လျူရှုထားမိပြီလား? ဘေးကလူတွေရဲ့ဖိအားပေးမှုကြောင့် ကိုယ့်ရဲ့ဆန္ဒအမှန်ကိုမမြင်နိုင်လောက်အောင်ဝေဝါးနေပြီလား? တကယ်လို့ဘဝကိုအဲ့ဒီလိုနေထိုင်နေမိတဲ့သူတွေရှိရင် အခုမိတ်ဆက်ပေးမယ့် animated movie လေးကသင်တို့ကိုအတွေးတစ်ခုခုရသွားစေမှာပါ။ ၂၀၂၁ ဒီဇင်ဘာ၁၅ရက်နေ့မှာထွက်ရှိထားတဲ့ Rumble ဆိုတဲ့ဇာတ်ကားမှာတော့ ကမ္ဘာ့သားရဲနပန်းလောကရဲ့ချန်ပီယံဟောင်းဖြစ်တဲ့ ရေဘန်နဲ့ သူ့ရဲ့နည်းပြဂျင်ဘိုတို့ဟာ စတုတ်ကာမြို့လေးရဲ့ဂုဏ်ဆောင်တွေဖြစ်ပါတယ်။ ဒါပေမယ့်ရေဘန်နဲ့ဂျင်ဘိုတို့မရှိတော့တဲ့အခါမှာ သားရဲနပန်းလောကထဲမှာစတုတ်ကာမြို့လေးဟာမှေးမှိန်သွားခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ တန်တကူလာဆိုတဲ့ရေဘဝဲတစ်ကောင်ကပြန်လည်ပြီးတော့ စတုတ်ကာမြို့လေးရဲ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပွဲပြီးပြီးချင်းတန်တကူလာကြေငြာလိုက်တာကတော့ သူဟာဆီလ်သာပူးလ်မြို့ကြီးကိုထွက်သွားတော့မယ်ဆိုတာပါပဲ။ ဇာတိမြေကိုသစ္စာဖောက်တဲ့တန်တကူလာကိုမကျေနပ်တဲ့စတုတ်ကာမြို့သူမြို့သားတွေထဲမှာ တစ်ချိန်ကနည်းပြဂျင်ဘိုရဲ့သမီးလေး ဝင်နီလည်းအပါအဝင်ပါပဲ။ တဆက်တည်းမှာပဲ တန်တကူလာထွက်သွားမှာထက်ပိုဆိုးတဲ့သတင်းကတော့ ချန်ပီယံရေဘန်နဲ့ဂျင်ဘိုတို့ရဲ့ အားကစားရုံကိုအကြွေးနဲ့သိမ်းတော့မယ့်သတင်းပါ။ အားကစားရုံကိုအသိမ်းမခံချင်ရင် ပေးရမယ့်ပိုက်ဆံရဖို့ နောက်ထပ်သားရဲနပန်းသတ်ပွဲမှာစတုတ်ကာမြို့ကအနိုင်ရမှဖြစ်မှာပါ။ ဒါပေမယ့် နပန်းအားကစားအတွက်တန်တကူလာအပြင် တစ်ခြားသားရဲမရှိတဲ့အခါ ဝင်နီလေးက ဖခင်ဖြစ်သူရဲ့နောက်ဆုံးအမွေကိုထိန်းသိမ်းဖို နပန်းပွဲအတွက်သားရဲတစ်ကောင်ရှာဖို့ကြိုးစားပါတော့တယ်။ သူရှာတွေ့သွားတဲ့သားရဲကတော့ ချန်ပီယံရေဘန်ရဲ့သားလေး ဂျူနီယာရေဘန်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဝင်နီရဲ့ရည်မှန်းချက်တွေကအောင်မြင်နိုင်မလား? သားရဲနပန်းလောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ရေဘန်ရဲ့သား ဂျူနီယာရေဘန်ကရော သူ့အဖေရဲ့အောင်မြင်မှုတွေကြားကနေ သူ့ရဲ့သမိုင်းကိုဘယ်လိုရေးနိုင်မလဲ? ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း