ဇာတ်ကားများ ရွေးရန်

Kurup

2021ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားကတော့ ၁၉၈၄ခုနှစ်တုန်းက လူသတ်ပြီးထွက်ပြေးခဲ့တဲ့ ဝရမ်းပြေး ဆူကူမာရာ ကူရူပ်အကြောင်းကို ပြန်ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အစမှာ ရဲမှူးကရီရှ်နားဒက်စ်က အငြိမ်းစားယူမယ့်အချိန် တပည့်တွေက နှုတ်ဆက်နေကြတာပဲဖြစ်ပါတယ်။ ရဲမှူးရဲ့ပစ္စည်းတွေသိမ်းနေတဲ့အချိန် တပည့်တစ်ယောက်က ရဲမှူးရဲ့ဒိုင်ယာရီကိုတွေ့သွားပါတော့တယ်။ ဒိုင်ယာရီထဲမှာ ဝရမ်းပြေးဖြစ်တဲ့ ဆူဒါကာရာကူရူပ်အကြောင်းကိုရေးထားတာပါ။ ဂိုပီးကရီရှ်နားက လေတပ်လေ့ကျင့်ရေးကျောင်းကို အမှတ်အမြင့်ဆုံးနဲ့ဝင်လာတာပါ လေတပ်ကိုစိတ်ဝင်စားလို့ဝင်လာတာမျိုးမဟုတ်ပဲ ပေါက်ကရပေါင်းစုံလုပ်တဲ့လူမျိုးပါ။ တစ်ရက်သူ့ကို လေတပ်ကခေါင်းဆောင်က လက်ဆောင်‌ပေးမယ်ဆိုပြီး ဘုံဘေကိုလွှတ်လိုက်ပါတော့တယ်။ သူ့ကိုဘုံဘေကရဲက အလုပ်တွေအသေခိုင်းပါတော့တယ်။ အဲဒါနဲ့သူက ဆေးခွင့်ယူမယ်ဆိုပြီး ရွာကိုပြန်သွားပါတော့တယ်။ ဒါပေမယ့် သူက ရွာမှာသေသွားပြီဆိုပြီး လေတပ်ကိုသတင်းရောက်လာပါတယ်။ သေတာကလည်း ကားတစ်ခုလုံးမီး‌လောင်ကျွမ်းပြီး ရုပ်တောင်မမှတ်မိတော့တဲ့ပုံစံနဲ့ပါ။ ဒါကိုရဲမှူးကရီရှ်နားကလည်းစုံစမ်းတော့ ဂိုပီးကတကယ်သေသွားတာမဟုတ်ပဲ လှည့်ကွက်တွေအများကြီးရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဓိကလှည့်ကွက်ကတော့ ဂိုပီးကရီရှ်နားကူရူပ်ဆိုတဲ့နာမည်ကို ဆူဒါကာရာကူရူပ်လို့ပြောင်းထားတဲ့အချက်ပါပဲ။ Ratinng လည်း မြင့်သလို တကယ်ကိုမိုက်ပြီးမလွတ်တမ်းကြည့်သင့်တဲ့ တမီးလ်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း