ဇာတ်ကားများ ရွေးရန်

Sing 2

2021ဇာတ်ကားWeb-dl 4K SDR

အမျိုးမျိုးသောလူ့စရိုက်သဘာဝတွေနဲ့အိမ်မက်တွေကို တိရိစ္ဆာန်လေးတွေပေါင်းစုံနဲ့ပုံဖော်ထားတဲ့ musical animated film လေး Sing ကိုမှတ်မိကြမယ်ထင်ပါတယ်။ Sing ကိုချစ်ခဲ့တဲ့ပရိသက်ကြီးအားလုံးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့မှာ Sing 2 ကို Universal Picture ကထုတ်လွှင့်ပေးလိုက်ပါပြီနော်။ Music style အသီးသီးမှာအရည်အချင်းပြည့်ဝတဲ့ပါရမီရှင်တွေကို audition ခေါ်ပြီးတလွဲဖြစ်ရပ်တွေကြားကနေ အောင်မြင်တဲ့ပြဇာတ်ရုံလေးတည်ထောင်နိုင်ခဲ့တဲ့ ပြဇာတ်ဆရာကိုအာလာဝက်ဝံလေး မွန်းဘတ်စတာနဲ့ သူ့အဖွဲ့သားတွေကို ၂၀၁၆က Sing မှာမြင်ခဲ့ရပြီးပါပြီ။ အခု Sing 2 မှာတော့ နယ်မြို့လေးမှာအောင်မြင်နေတဲ့ပြဇာတ်ဆရာမွန်းဘတ်စတာဟာ သူ့အနုပညာရှင်တွေရဲ့အရည်အချင်းတွေကိုထုတ်ပြဖို့ မြို့ကြီးတစ်ခုဖြစ်တဲ့ ရဒ်ရှောစီးတီးက ကမ္ဘာကျော်ပြဇာတ်ရုံကြီးမှာဖျော်ဖြေချင်ခဲ့ပါတယ်။ အိမ်မက်အတွက်အရာရာကိုစွန့်လွှတ်ခဲ့တဲ့ မွန်းနဲ့အဖွဲ့သားတွေဟာ သူတို့ရဲ့ကမ္ဘာကျော်ဖျော်ဖြေမှုကြီးအတွက် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရဦးမလဲ? အမြဲဟာသတလွဲတွေကြုံတွေ့ရတဲ့ မွန်းကဒီတစ်ခါမှာရောဘယ်လိုအလွဲတွေလုပ်ဦးမှာလဲ? ဒီဇာတ်ကားအတွက်အညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း