Check
အာဒီတ်ယား။ ငယ်ငယ်ကတည်းက မိဘမရှိ ဆွေမျိုးမရှိပဲ တစ်ယောက်တည်းတောကနေ ကြုံရာကားနဲ့လိုက်ခဲ့ပြီး မြို့တက်တယ်။ မြို့မှာ လက်မှတ်တွေကိုစကန်ဖတ်ပြီး အသေးစားလိမ်လည်မှုတွေလုပ်ပြီးနေတဲ့ ဉာဏ်ကြီးရှင်ပါ။ တစ်ရက် ယာတရားဆိုတဲ့ မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့လပ်တော့ပ်ကနေ ဘီဘီဆိုတဲ့မေးလ်ပိုင်ရှင်ကို ဗုံးဖောက်ခွဲမယ့်အကြောင်း မေးလ်ပို့ထားတာကြောင့် NIA အဖွဲ့က သူ့ကို ဗုံးဖောက်ကွဲမှုထဲမှာပါတဲ့ အကြမ်းဖက်သမားလို့စွတ်စွဲပြီး ဖမ်းသွားပါတော့တယ်။ သူကထောင်ထဲမှာနေရင် ချက်ကစားသမားကြီးတစ်ယောက်နဲ့တွေ့ပြီး ချက်ကိုကောင်းကောင်းကစားတတ်သွားပါတယ်။ ဒီလိုနဲ့ သူက အကြမ်းဖက်သမားတစ်ယောက်အနေနဲ့ ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ ဖြစ်လုပ်တော့တယ်။ ဒါပေမယ့် သူက ကြိုးမိန့်ပေးခံရပြီးသား အပြစ်သားတစ်ယောက်ဖြစ်နေတော့ သူ့ကိုထောက်ခံအားပေးတဲ့လူတွေရော၊ ကန့်ကွက်ကြတဲ့လူတွေရောရှိနေကြပါတယ်။ သူကလည်းသူအပြစ်မရှိပါဘူးလို့ငြင်းပြီး အယူခံဝင်ဖို့ရှေ့နေမာန်စီးဆိုတဲ့အမျိုးသမီးနဲ့တွေ့ပြီး သူ့အကြောင်းကိုပြောပြပါတယ်။ ဒါပေမယ့် တစ်ရက် ယာတရားက သူ့ကိုတကယ်ချစ်ခဲ့တာမဟုတ်ပဲ သစ္စာဖောက်သွားတဲ့လူဆိုတာ သိလိုက်ရတဲ့အခါမှာတော့... တကယ်ပဲ အာဒီတ်တယားက အကြမ်းဖက်သမားလား၊ အကြမ်းဖက်သမားမဟုတ်ဘူးဆိုရင် ထောင်ကနေ ဘယ်လိုလွှတ်အောင်လုပ်မလဲ၊ ယာတရားကရော ဘယ်လိုမျိုး ပါဝင်ပတ်သက်နေတာလဲဆိုတာတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း