Munich – The Edge of War
ဥရောပတင်သာမက အရှေ့အာရှနိုင်ငံများအပါအဝင်တစ်ကမ္ဘာလုံးစစ်မီးဟုန်းဟုန်းတောက်စေခဲ့တဲ့ ဒုတိယကမ္ဘာစစ်ရဲ့နောက်ကွယ်ကဇာတ်လမ်းတွေအများကြီးကို ရုပ်ရှင်ဇာတ်လမ်းတွေအဖြစ်အမျိုးမျိုးပုံဖော်အသက်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် ကြီးကျယ်လှတဲ့ဒုတိယကမ္ဘာစစ်ရဲ့ အတိတ်ဇာတ်ကြောင်းတွေက တစ်ထောင့်တစ်ညပုံပြင်တွေလိုမျိုးရှည်လျားသလို ဘယ်တော့မှလည်းဟောင်းနွမ်းသွားခြင်းမရှိတဲ့သမိုင်းကြောင်းတွေပါ။ အခု ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၇ရက်နေ့မှာထွက်ရှိထားတဲ့ Munich : The Edge of War ဇာတ်ကားဆိုရင်လည်း ၁၉၃၈ခုနှစ် ဒုတိယကမ္ဘာစစ်မတိုင်ခင် ကမ္ဘာစစ်ကိုအစပျိုးဦးတည်နေတဲ့နောက်ကွယ်ကဇာတ်လမ်းတစ်ခုဖြစ်ပြီး ၁၉၇၀နှောင်းပိုင်း ဒုတိယကမ္ဘာစစ်သမိုင်းဖြစ်ရပ်မှန်တွေကိုနောက်ခံထားကာရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ဥရောပတစ်လွှားကို နယ်ချဲ့ဖို့ကြိုးစားလာတဲ့ဟစ်တလာကိုတားဆီးဖို့အတွက် အင်အားကြီးဥရောပနိုင်ငံတွေက အသည်းအသန်ကြိုးစားနေရပါတယ်။ ဒီအထဲမှာ ဥရောပထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်က နိုင်ငံ့ခေါင်းဆောင်တွေကတော့အဓိကပါပဲ။ ဟျူးလီးဂတ်က ဗြိတိန်ဝန်ကြီးချုပ်နေဗီးလ်ချန်ဘာလင်ရဲ့ကိုယ်ရေးအရာရှိတစ်ယောက်ပါ။ ဟစ်တလာကိုတားဆီးဖို့ကြိုးစားရုန်းကန်နေရတဲ့ ဝန်ကြီးချုပ်ချန်ဘာလင်ရဲ့အရာရှိအဖြစ် သူပါမိသားစုကိုအချိန်မပေးနိုင်လောက်အောင်အလုပ်ရှုပ်ရပါတယ်။ ဒီကြားထဲချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်ဖို့ပြင်နေတဲ့ဟစ်တလာကို အချိန်မှီတားဆီးနိုင်ဖို့အတွက် ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင်တို့ဟာ ဂျာမနီနိုင်ငံမျူးနစ်ခ်မြို့ကိုဟစ်တလာနဲ့တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးရန်ထွက်ခဲ့ရပါတယ်။ ဒီခရီးမှာ ဟျူးလီးဂတ်တစ်ယောက်နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ ဘယ်လိုဗျာများရမလဲ? ကြီးမြတ်တဲ့ဂျာမနီနိုင်ငံဆီကိုဦးတည်နေတဲ့ စစ်ခေါင်းဆောင်ဟစ်တလာရဲ့လုပ်ရပ်တွေကိုရော သူ့ရဲ့ဂျာမနီနိုင်ငံသားတွေအကုန်ကြည်ဖြူပါရဲ့လား? ကမ္ဘာစစ်ကိုတားဆီးဖို့အစွမ်းကုန်ကြိုးစားခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ ကြိုးပမ်းမှုကဘယ်လိုဖြစ်သွားမလဲ? ဒီဇာတ်ကားအတွက်အညွန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း