ဇာတ်ကားများ ရွေးရန်

The Spy Undercover Operation

2013ဇာတ်ကားWeb-dl 1080p

Kim Chul-Soo ဟာ တောင်ကိုရီးယားရဲ့ လျှို့ဝှက်သူလျှိုတစ်ယောက်ပါ။ ဒါပေမဲ့ အိမ်မှာဆိုရင်တော့ လေယာဉ်မယ်ဇနီးသည်ကိုသိပ်ချစ်တဲ့ခင်ပွန်းတစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမကတော့ သူ့ကိုသာမန်ဝန်ထမ်းတစ်ယောက်လို့ပဲ သိထားခဲ့ပါတယ်။ တစ်ရက်မှာတော့ Kim Chul-Soo ဟာ အရေးပေါ်မစ်ရှင်တစ်ခုအတွက် ထိုင်းကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတယ်။ မိန်းမဖြစ်သူကိုတော့ ဘူဆန်ကို အလုပ်ခရီးသွားရမယ်လို့ လိမ်ပြောလိုက်ပါတယ်။ သူထိုင်းကို ရောက်နေတဲ့အချိန်မှာပဲ သူ့မိန်းမဖြစ်သူကို ထိုင်းမှာ ကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်နဲ့တွေ့လိုက်ရတဲ့အခါ..... နိုင်ငံတော်ရဲ့မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ရမဲ့ တာဝန်တွေကလဲ လက်ထဲမှာအပြည့်... ကိုရီးယားမှာရှိနေရမဲ့ မိန်းမဖြစ်သူကလည်း ထိုင်းမှာတခြားတစ်ယောက်နဲ့.... Kim Chul-Soo တစ်ယောက် မိန်းမဖြစ်သူကို စိတ်မချဖြစ်ရင်း မစ်ရှင်ကိုဘယ်လို ဆောင်ရွက်ပါ့မလဲ? နိုင်ငံရေးပဋိပက္ခတွေကြားက သူတို့လင်မယားနှစ်ယောက်ရဲ့ အလွဲလေးတွေကို Comedy ဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း