ဇာတ်ကားများ ရွေးရန်

Gold

2022ဇာတ်ကားWeb-dl 4K SDR

ပူလောင်သောကတွေများလွန်းတဲ့လူ့ကမ္ဘာလောကကြီးမှာနေထိုင်ကြတဲ့ ပုထုဇဉ်လူသားများအားလုံးဟာ အရိယာအနွယ်ဝင်သူတော်စင်တွေမဖြစ်သေးသ၍ လောဘ၊ ဒေါသ၊ မောဟဆိုတာကတော့ ရှိကြမှာမလွဲပါဘူး။ ဒီအထဲမှာ လူသားများအားလုံးအတွက်အရေးအကြီးဆုံးသတိထားစရာကတော့ လောဘဖြစ်ပါတယ်။ တစ်ဖက်စွန်းရောက်တဲ့လောဘက ကြီးသထက်ကြီးလာပြီဆိုရင်အနောက်ကနေ ဒေါသနဲ့ မောဟကတစ်ပါတည်းလိုက်လာတော့တာပါ။ ဒီအခါမှာ လူသားတွေအနေနဲ့ကိုယ်လောဘတက်တဲ့အရာကို ရရှိဖို့အရေး ဘဝရဲ့အရေးကြီးတဲ့အရာတွေနဲ့ မိမိရဲ့အသက်အန္တရာယ်ကိုပင်ဂရုမပြုမိနိုင်လောက်အောင် သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။ ဒါတွေအားလုံးကိုထိန်းချုပ်နိုင်ဖို့ကတော့ ဘယ်တော့မှပိုတယ်မရှိတဲ့သတိတရားပါပဲ။ ဒီလိုတွေပြောနေလို့ တရားဟောနေပြီလို့တော့မထင်ပါနဲ့... အထက်မှာပြောခဲ့တဲ့အကြောင်းအရာတွေကိုခြုံငုံမိစေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ နိဒါန်းပျိုးနေရတာပါ။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၃ရက်နေ့မှာထွက်ရှိခဲ့တဲ့ Australian ရုပ်ရှင်ဇာတ်ကားရဲ့နာမည်ကတော့ Gold ပါတဲ့။ အမည်မသိအမျိုးသားတစ်ယောက်ဟာအလုပ်အကိုင်ရရှိနိုင်ဖို့အရေး သူ့ရဲ့ဇာတိမြို့ကနေ အခြားဒေသတစ်ခုကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီဒေသကိုရောက်ဖို့ သူဖြတ်သန်းသွားရမှာကတော့ ကမ်းမမြင်လမ်းမမြင်အောင်ကျယ်ပြောလွန်းတဲ့သဲကန္တာရကြီးပါပဲ။ ဒီကန္တာရကိုဖြတ်ဖို့သူဟာ ကားတစ်စီးနဲ့ မောင်းပို့သူတစ်ယောက်ကိုအဖိုးအခကြီးကြီးနဲ့ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ခပ်စုတ်စုတ်ကားလေးဟာ ဦးတည်ရာကိုမရောက်ခင်မှာပဲထိုးရပ်သွားခဲ့ပါတယ်။ ပျက်နေတဲ့ကားကိုပြင်ရင်းနဲ့ပဲ သူတို့တွေ့သွားတာကတော့ပြိုးပြိုးပျက်ပျက်တောက်ပနေတဲ့ သဲကန္တာရအလယ်ကရွှေတုံးကြီးပါပဲ။ ဝမ်းသာလုံးဆို့ပြီး လောဘဇောတိုက်နေကြတဲ့သူတို့နှစ်ယောက် လူသူမရှိတဲ့ကန္တာရထဲမှာ ရွှေတုံးကြီးနဲ့အတူဘာတွေဖြစ်ပျက်ကြမလဲ ? သူတို့ရဲ့ဒီရေအလားတရိပ်ရိပ်တက်နေတဲ့လောဘကြောင့် ဘယ်လိုတွေဇာတ်သိမ်းသွားကြမလဲ ? ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း