Home Team
ဒီတစ်ခါတော့ နွေးထွေးတဲ့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကြားက ဟာသဆန်ဆန်ကြည်နူးစရာလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ Home Team ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားဟာ New Orleans Saints အသင်းနည်းပြချုပ် Sean Payton ရဲ့ ၂၀၁၂ခုနှစ်ကဖြစ်ရပ်လေးကိုအခြေခံထားပြီး အနီးစပ်ဆုံးတူညီအောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ နည်းပြချုပ်ရှောင်ပေတန်ဟာ NFL ရဲ့ကောလဟာလတစ်ချို့ကြောင့် အသင်းကနေတစ်နှစ် တာဝန်မှရပ်ဆိုင်းခြင်းခံရပါတယ်။ ဒါကြောင့် စိတ်ပြေလက်ပျောက်အနေနဲ့ ရှောင်ဟာ သူ့ရဲ့ဇနီးဟောင်းနဲ့သားလေးရှိရာ တက္ကဆက်ကိုထွက်လာခဲ့ပါတယ်။ ရှောင်ရဲ့သားလေး ကော်နာဟာလည်း အငယ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ Warriors အသင်းဟာ ရာသီပွဲစဉ်များမှာအခြေအနေမကောင်းလှပါဘူး။ အခက်အခဲတွေကြုံနေရတဲ့သားဖြစ်သူကိုမြင်နေရတာကြောင့် မနေနိုင်မထိုင်နိုင် Warriors အသင်းရဲ့လက်ထောက်နည်းပြတစ်ယောက်ဖြစ်လာခဲ့တဲ့ရှောင်ဟာ အသင်းကိုဘယ်လိုနည်းလမ်းနဲ့အောင်မြင်မှုတွေယူပေးနိုင်မလဲ? မိဘတွေရဲ့တကွဲတပြားဖြစ်နေတဲ့အိမ်ထောင်ရေးကြောင့်စိတ်နာနေတဲ့သားဖြစ်သူနဲ့ရော ဘယ်လိုနားလည်မှုပြန်ရနိုင်မလဲ? ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း