ဇာတ်ကားများ ရွေးရန်

Operation Condor

1991ဇာတ်ကားBlu-Ray 1080p

ဒီကားလေးကတော့ ၁၉၉၁ခုနှစ်ထွက် ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီကားရဲ့အစမှာတော့ ဂျက်ကီက သူ့အားလပ်ရပ်မှာ အနားယူနေတုန်း ရုတ်တရက် ဆင့်ခေါ်ခံလိုက်ရပြီး မစ်ရှင်တစ်ခု အပေးခံလိုက်ရပါတော့တယ်။ အဲဒီမစ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီစစ်သားတွေ အာဖရိကတိုက်က လျှို့ဝှက်စစ်စခန်းတစ်ခုမှာ မြှုပ်ထားခဲ့တဲ့ရွှေတွေကို ပြန်ရှာပြီး ယူခဲ့ပေးဖို့ပါ။ ဂျက်ကီနဲ့အတူ သဲကန္တာရအကြောင်းကျွမ်းတယ်ဆိုတဲ့ အေဒါဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုလည်း ထည့်ပေးလိုက်ပါသေးတယ်။ သူတို့နှစ်ယောက်က ရွှေတွေကိုမြှုပ်ခဲ့တဲ့ ဂျာမန်စစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်သူရဲ့ မြေးနဲ့ တွေ့မိပြီး သုံးယောက်အတူတူလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလိုနဲ့ သုံးယောက်သား ရွှေတွေကိုရှာဖို့ အာဖရိကတိုက်ကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရွှေတွေအကြောင်းကိုသိပြီး လိုက်ရှာနေတဲ့သူက သူတို့တွေပဲ မဟုတ်ပါဘူး။ ရေခြားမြေခြား သူတို့ကိုစောင့်ကြည့်နေတဲ့သူတွေကြားထဲမှာ ပေးအပ်ခံထားရတဲ့ မစ်ရှင်ကို ဘယ်လိုထမ်းဆောင်မလဲဆိုတာကို ဟာသနှောပြီး ရိုက်ပြထားတဲ့ အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း