ဇာတ်ကားများ ရွေးရန်

Where's Officer Tuba?

1986ဇာတ်ကားအမှတ် 6/10Blu-Ray 1080p

ရဲတပ်ဖွဲ့တီးဝိုင်းအဖွဲ့ထဲက ရဲဝန်ထမ်းTubaဟာ ရှက်တတ်ကြောက်တတ်သူဖြစ်ပြီး တကယ့်ရဲအလုပ်တွေထက် တီးဝိုင်းအဖွဲ့ထဲမှာပဲ ပျော်ရွှင်တဲ့သူပါ။ ထိပ်တန်းရဲတစ်ယောက်ဖြစ်တဲ့ Rambo Chow ဟာ သူ့ရဲ့စစ်ဆင်ရေးတစ်ခုအတွက် Tubaကိုကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကြောင့် Rambo Chow သေဆုံးသွားခဲ့ရပါတယ်။ သူမသေခင်အချိန်လေးမှာ အဲဒီဂိုဏ်းကိုနှိမ်နင်းပေးဖို့ Tubaဆီကနေ ကတိတောင်းခဲ့ပါတယ်။ Tubaလည်း အင်တင်တင်နဲ့ကတိပေးလိုက်ပါတယ်။ Tubaစိတ်ထဲမှာ ကတိကိုတည်ဖို့မစဉ်းစားထားခဲ့ပါဘူး။ Tuba မမျှော်လင့်ထားတာက သေသွားတဲ့ Rambo Chow ဟာ ဝိညာဉ်အဖြစ်နဲ့သူ့နောက်ကိုတကောက်ကောက်လိုက်နေပါတော့တယ်။ Tubaတစ်ယောက် Rambo Chow ကိုပေးထားတဲ့ကတိကိုတည်နိုင်ပါ့မလား။ Tubaရဲ့အလွဲလေးတွေနဲ့ သူ့ရဲ့ရှက်ကြောက်တတ်တဲ့ပုံစံနဲ့ လက်စားချေပေးဖို့ ကြိုးစားခဲ့ပုံတွေကို ဟာသနဲ့ရောယှက်ကာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း