Fresh
ဒီကားလေးကတော့ လတ်တလောကမှ ထွက်ရှိထားတဲ့ ကားသစ်လေးဖြစ်ပြီး horrorတို့ thrillerတို့ကြိုက်တဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့မဲ့ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိတ်တွေ လုပ်ကြည့်ပေမဲ့ ဘယ်သူနဲ့မှ အဆင်မပြေတဲ့ နိုအာက ဈေးဝယ်ထွက်ရင်း စူပါမားကတ်မှာ စတိဗ်ဆိုတဲ့တစ်ယောက်နဲ့ တွေ့မိပါတယ်။ နောက်နေ့ကျတော့ စတိဗ်က သူ့ကို ချိန်းတွေ့ဖို့ခေါ်ပြီး သူတို့နှစ်ယောက်ကလည်း စတွဲလိုက်ကြပါတော့တယ်။ နိုအာက စတိဗ်အကြောင်းကို သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မော်လီတစ်ယောက်ကိုပဲ ပြောပြထားပါတယ်။ Instagramတို့ Twitterတို့ ဘာမှမသုံးတဲ့ စတိဗ်ကို မော်လီက သိပ်မသင်္ကာဖြစ်ပေမဲ့ နိုအာ့ကို ဘာမှတော့ ထွေထွေထူးထူး မတားခဲ့ပါဘူး။ အဲဒီလိုနဲ့ တစ်နေ့မှာ စတိဗ်က နိုအာ့ကို သူနဲ့အတူတူ ခရီးသွားဖို့ ခေါ်ပါတော့တယ်။ နိုအာကလည်း မော်လီ တားနေတဲ့ကြားကနေ သဘောတူလိုက်ပါတယ်။ တကယ်တမ်း ခရီးသွားဖို့နေ့ရောက်တော့ စတိဗ်က ကိစ္စပေါ်လာလို့ဆိုပြီး နိုအာ့ကို သူ့အိမ်ကို အရင်ခေါ်သွားပါတယ်။ အဲဒီအိမ်မှာ စားကြသောက်ကြရင်း မူးလာတဲ့နိုအာက မကြာခင်မှာပဲ အိပ်ပျော်သွားပါတော့တယ်။ သူ ပြန်နိုးလာတဲ့အခါ သူ့ကို ကြိုးတုပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရတယ်။ တစ်ဖက်မှာလည်း စတိဗ်က နိုအာ့ကို ဘာလို့ အဲဒီလိုလုပ်လိုက်တာလဲ၊ စတိဗ်နဲ့ ခရီးထွက်မယ်ဆိုတာကိုသိထားတဲ့ မော်လီက နိုအာ့ကို ဘယ်လိုပြန်ရှာမလဲ၊ စတိဗ်ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိဦးမလဲဆိုတာကို သည်းထိတ်ရင်ဖိုဆန်ဆန်ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း