ဇာတ်ကားများ ရွေးရန်

Oh My Ghost 3

2012ဇာတ်ကားWeb-dl 1080p

2012 ကထွက်ထားတဲ့ Oh my ghosts No.3 ထိုင်းသရဲဟာသကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ပန်ကိတ်က တေတောင်းနဲ့ အဆင်မပြေလို့ ကိုရီးယားသွားပြီး ကိုရီးယားကောင်တွေနဲ့ တွဲခုတ်နေပါတယ် အဲ့အချိန်မှာ တွန်ရဲ့ အဆောင်မှာ ငှားနေတဲ့ ကျောင်းသူကောင်မလေးတယောက် ရာရီ အသတ်ခံလိုက်ရပါတယ် အဲ့ကောင်မလေးက မကျွတ်ဘဲ သရဲဘဝနဲ့ သူ့ကိုသတ်တဲ့သူကို လိုက်ကလဲ့စားချေဖို့ ကြိုးစားနေတာပါ တွန်နဲ့ သူ့ရဲ့ အခြောက်ညီအစ်မ ၂ ယောက်ကလည်း လူသတ်သမားကိုလိုက်စုံစမ်းနေရင်းနဲ့ အလောင်းက ရုတ်တရက် ပျောက်သွားပါတယ် အသတ်ခံရတဲ့ ကောင်မလေးရဲ့ သူငယ်ချင်းနှစ်ယောက်ထဲက ဖူးကန်က အသတ်ခံရတဲ့နေ့က ကောင်မလေးရဲ့ အခန်းရှေ့မှာရပ်နေတော့ လူသတ်သမားလို့ အထင်ခံနေရတာပါ ဝက်သရဲမ ပန်ကိတ်ကလည်း မကူညီတဲ့အပြင် အဆောင်ထဲက ကောင်လေးတွေကို လိုက်နှောင့်ယှက်နေတာပါ တညကျတော့ ပန်ကိတ်က အကောင်တွေနဲ့ပျော်နေတဲ့ video ကို တေတောင်းကို ပြလိုက်တော့ သူတို့ ပြတ်သွားကြပါတယ် ပန်ကိတ်က အသဲကွဲပြီး တွန်နဲ့စကားများနေတုန်း ရာရီသရဲမက ပူးပြီး တွန်ကိုလည်ပင်းညစ်သတ်လိုက်ပါတယ် ရှေ့ကကားတွေအတိုင်းပဲ သရဲမက သူတို့ကို လိုက်ခြောက်လို့ ပြေးလိုက်လွှားလိုက်နဲ့ ပြသာနာတွေကို ဘယ်လိုပေါက်ကရတွေလုပ်ပြီး ဖြေရှင်းနိုင်သွားမလဲဆိုတာကို တခွီခွီနဲ့ ကြည့်ရမှာပါ....... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Tomato ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း