Cyrano
၁၈၉၇ခုနှစ်က ပြင်သစ်ပြဇာတ်ရေးဆရာ Edmond Rostand ရေးသားခဲ့တဲ့ “Cyrano de Bergerac” ပြဇာတ်ကိုနောက်ခံပြုရိုက်ကူးထားတဲ့ Romantic Musical Film အမျိုးအစား “Cyrano” ဆိုတဲ့ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့မှာထွက်ရှိထားတာဖြစ်ပါတယ်။ ၁၆၄၀ခုနှစ်က ပြင်သစ်နိုင်ငံကိုနောက်ခံထားရိုက်ကူးထားတာဖြစ်တာကြောင့် အနောက်ဥရောပအငွေ့အသက်စစ်စစ်တွေနဲ့ ဖုံးလွှမ်းနေတယ်ဆိုလည်းမမှားပါဘူး။ ဆီရာနိုဟာမွေးရာပါလူပုလေးတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံရဲမက်တပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်လက်ရုံးရည်ပြည့်ဝရုံသာမက ကဗျာစာပေအရာမှာလည်းထက်မြက်တာကြောင့် နှလုံးရည်ပိုင်းမှာလည်းအရည်အချင်းပြည့်ဝပါတယ်။ ဆီရာနိုချစ်တဲ့သူကတော့ မွေးရပ်မြေမှာကတည်းကခင်မင်လာခဲ့တဲ့မိန်းမလှလေးရိုဆန်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အများနဲ့မတူတဲ့ကိုယ်ခန္ဓာကြောင့် ထိပ်တန်းမှူးမတ်ကြီးကပါမျက်စိကျခြင်းခံနေရတဲ့ရိုဆန်းကို ဆီရာနိုကသူ့အချစ်တွေဝန်မခံရဲခဲ့ပါဘူး။ ဒီအချိန်မှာပဲ ရိုဆန်းကကပွဲတစ်ခုမှအမှတ်မထင်တွေ့ဆုံခဲ့တဲ့ ရဲမက်တပ်ဖွဲ့ဝင်အသစ်ခရစ်တီယန်ကို မြင်မြင်ချင်းစိတ်ဝင်စားသွားခဲ့ပါတယ်။ ခရစ်တီယန်ကို သူ့ရဲ့မြင်မြင်ချင်းအချစ်လို့ထင်နေတဲ့ရိုဆန်းဟာ သူတို့ရဲ့ကြားမှာစာအပေးအယူ ကူညီပေးဖို့ဆီရာနိုကိုတောင်းဆိုခဲ့တာကြောင့် ရိုဆန်းကိုချစ်လွန်းတဲ့ဆီရာနိုကလည်း ထိုတောင်းဆိုမှုကိုလက်ခံခဲ့ပါတယ်။ ချစ်ရသူအတွက်နှလုံးသားကိုရင်းခဲ့တဲ့ ဆီရာနိုရယ်၊ မိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိခဲ့တဲ့ ခရစ်တီယန်ရယ်၊ ကိုယ့်စိတ်ကိုယ်အမှန်မမြင်နိုင်ခဲ့တဲ့ ရိုဆန်းတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲ...? ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း