ဇာတ်ကားများ ရွေးရန်

Downfall: The Case Against Boeing

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ Netflixရဲ့ documentaryလေးတစ်ခုပဲဖြစ်ပါတယ်။ documentaryလေးကတော့ ၂၀၁၈ခုနှစ်နဲ့ ၂၀၁၉ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဘိုးအင်း ၇၃၇မက်စ်လေယာဥ်ပျက်ကျမှုနှစ်ခုအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ လအနည်းငယ်ခြားပြီး မော်ဒယ်တစ်ခုတည်းဖြစ်တဲ့ လေယာဥ်နှစ်စီး ပျက်ကျတယ်ဆိုတာ သာမန် မတော်တဆမှုကြောင့်တော့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် စုံစမ်းစစ်ဆေးရေးတွေလုပ်ခဲ့ပြီး အဲဒီ လေယာဥ်ပျက်ကျမှုနှစ်ခုကြောင့် စုစုပေါင်း ၃၄၆ဦး သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ဘိုးအင်းဘက်က အပြစ်ကို ဝန်မခံတဲ့အပြင် သူတို့ အကျိုးစီးပွားအတွက်ပဲ ဂရုစိုက်နေခဲ့ပါတယ်။ လေယာဥ်ပျက်ကျရခြင်းအကြောင်းရင်းနဲ့ ဘိုးအင်းရဲ့ ပြဿနာဖြေရှင်းပုံ၊ ဘိုးအင်းရဲ့ သမိုင်း စတာတွေကို ရိုက်ပြထားတာဖြစ်ပြီး တခြား documentaryတွေထက် စိတ်ဝင်စားစရာကောင်းတာမို့လို့ ကြည့်ရှုအားပေးပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း