ဇာတ်ကားများ ရွေးရန်

Apollo10½: A Space Age Childhood

2022ဇာတ်ကားWeb-dl 1080p

လပေါ်ကိုပထမဆုံးသွားနိုင်ခဲ့တဲ့အာကာသယာဉ် အပိုလို ၁၁ကိုအားလုံးသိကြမယ်ထင်ပါတယ်။ ဒီလိုကြီးမားတဲ့လုပ်ဆောင်မှုကြီး အပိုလို ၁၁ရဲ့နောက်ကွယ်မှာဘယ်လိုကိစ္စရပ်မျိုးတွေရှိ ခဲ့လိမ့်ဦးမလဲဆိုတာရောစိတ်ကူးခဲ့ကြဖူးပါသလား? ၂၀၂၂ခုနှစ် မတ် ၂၅ရက်နေ့က Netflix မှာထုတ်လွှင့်ခဲ့တဲ့ Apollo 10 ½ ဆိုတဲ့ animated ရုပ်ရှင်ကတော့ အပိုလို ၁၁ ဆိုတာဖြစ်လာဖို့အခြေခံခဲ့တဲ့အရာတစ်ခုလိုမျိုးစိတ်ကူးယဉ်ရိုက်ကူးခဲ့တာပါ။ ဒီရုပ်ရှင်ထဲမှာဆိုရင် Apollo 10 ½ အတွက် ဟောက်စ်တန်မူလတန်းကျောင်းက ထူးချွန်ကလေးတစ်ယောက်ကို တိတ်တဆိတ်ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့ပုံစံမျိုးရိုက်ကူးထားတာပါ။ ၁၉၆၉ခုနှစ်တစ်ဝိုက်အတွင်း အမေရိကန်ကလေးတွေ မိသားစုတွေရဲ့ဘဝအခြေအနေနဲ့ လူမှုဘဝနေထိုင်မှုတွေကိုအသေးစိတ်ရိုက်ကူးထားတာမို့ အတိတ်ကိုသတိရတဲ့ခံစားချက်မျိုးလေး ဖြစ်မှာတော့သေချာပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း