ဇာတ်ကားများ ရွေးရန်

Madelines

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ Madelinesဆိုတဲ့ အချိန်ခရီးသွားခြင်းအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ Owenနဲ့ Madelineဆိုတဲ့ သိပ္ပံပညာရှင် လင်မယားနှစ်ယောက်က Roryဆိုတဲ့ စပွန်ဆာဆီက ထောက်ပံ့ငွေတွေနဲ့ အချိန်ခရီးသွားစက်တစ်ခုကို စမ်းသပ်တီထွင်နေတာဖြစ်ပါတယ်။ စမ်းသပ်မှုတွေ ဆက်တိုက်လုပ်နေရင်းနဲ့ တစ်နေ့မှာတော့ လိမ္မော်သီးနဲ့လုပ်တဲ့ စမ်းသပ်ချက် အောင်မြင်သွားပြီး သူတို့က လိမ္မော်သီးတစ်လုံးကို အနာဂတ်ဆီ အောင်မြင်စွာပို့နိုင်ခဲ့ပါတယ်။ Madelineကတော့ ပိုဘေးကင်းအောင် လိမ္မော်သီးနဲ့လုပ်တဲ့ သက်မဲ့စမ်းသပ်ချက်တွေကိုပဲ ထပ်ကာထပ်ကာလုပ်ကြည့်ချင်ပေမယ့် စပွန်ဆာRoryက လောနေတာမို့လို့ ကြွက်နဲ့စမ်းသပ်တဲ့ သက်ရှိစမ်းသပ်ချက်ကို လုပ်ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီသက်ရှိစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒါ‌ပေမယ့် ကုတ်ထဲမှာ အမှားရှာတွေ့သွားတဲ့ Madelineက သူတစ်ယောက်တည်းရှိနေတဲ့အချိန် မပြောမဆိုနဲ့ သူကိုယ်တိုင်ဝင်ပြီး လူသားစမ်းသပ်ချက်ကို လုပ်လိုက်ပါတော့တယ်။ ဒါပေမယ့် တစ်ခုခုမှားသွားလို့ နေ့တိုင်း Madelineအသစ်တစ်ယောက်‌ ပေါ်ပေါ်လာအောင် လုပ်မိသွားပါတော့တယ်။ Owenကတော့ တစ်နေ့တစ်ယောက်‌ ပေါ်ပေါ်လာတဲ့ Madelineတွေကို သတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အသစ်ပေါ်လာတဲ့Madelineတွေကို ဘယ်လောက်အထိ သတ်နိုင်ဦးမလဲ၊ Madelineတွေအချင်းချင်း ပေါင်းမိတဲ့အခါ ဘာတွေဖြစ်သွားမလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Maria ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း