Umma
Amandaဆိုတဲ့ ကိုရီးယား အမေရိကန်အမျိုးသမီးတစ်ဦးဟာ သူ့သမီး Chrisနဲ့အတူ ပျားမွေးတဲ့အလုပ်ကိုလုပ်ရင်း အမေရိကန်မှာ နေထိုင်ပါတယ်။ Amandaဟာ ငယ်ငယ်က သူ့အမေရဲ့ နှိပ်စက်မှုအောက်မှာ ကြီးပြင်းလာတဲ့သူဖြစ်တဲ့အလျောက် သူ့သမီးကို သူ့လို မကြီးပြင်းစေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချထားတဲ့သူတစ်ယောက်ပါ။ ငယ်ဘဝတုန်းက လျှပ်စစ်နဲ့ အနှိပ်စက်ခံရဖူးတဲ့ Amandaဟာ သူ့အိမ်မှာ တတ်နိုင်သလောက် ဘာလျှပ်စစ်ပစ္စည်းမှ မထားထားပါဘူး။ အဲဒီလို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီးနေလာရင်း တစ်နေ့တော့ ကိုရီးယားက Amandaရဲ့ ဦးလေးဆိုတဲ့သူက သူတို့နေတဲ့ အမေရိကန်အိမ်ကို ရောက်လာခဲ့ပါတယ်။ Amandaရဲ့အမေ ဆုံးသွားပြီဆိုတာကို လာအသိပေးရင်း သူ့အမေရဲ့ အရိုးပြာအိုးနဲ့ ကျန်ရစ်ပစ္စည်းတွေကို လာပေးတာပဲဖြစ်ပါတယ်။ သူ့အမေ ဆုံးသွားပြီဆိုတာကို သိလိုက်ရပြီးနောက်မှာ Amandaက ထင်ယောင်ထင်မှားတွေ မြင်ရ ကြားရလာပြီး သူ့သမီးနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ သူ့အမေလို မဖြစ်ချင်ခဲ့တဲ့ Amandaနဲ့ Chrisတို့ကြားမှာ ဘာပြဿနာတွေရှိလာဦးမလဲ၊ Amandaကရော သူ့အမေရဲ့ အရိပ်အောက်က ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါ။ ဒီ Series ကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း