ဇာတ်ကားများ ရွေးရန်

Dancing on Glass

2022ဇာတ်ကားWeb-dl 1080p

" Dancing on Glass " ဆိုတဲ့ဇာတ်ကားလေးဟာ ၂၀၂၂ခုနှစ်ထွက် စပိန် ဒရမ်မာအမျိုးအစားကားလေးတစ်ကားဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ သာမန်အချစ်အလွမ်းကားတွေကနေကွဲထွက်ပြီး ဘဲလေးကချေသည်လေးနှစ်ဦးကြားမှာ ဖြစ်ပေါ်လာတဲ့ခင်မင်ရင်းနှီးမှု သံယောဇဉ်တွေကို အသားပေးရိုက်ကူးပြထားပါတယ်။ ဘဲလေးအကကုမ္ပဏီတစ်ခုရဲ့ အဓိကအကသမားဟာ မတော်တဆမှုတစ်ခုကြောင့်နေရာလစ်လပ်သွားတဲ့အခါ သူ့နေရာမှာ အစားထိုးဝင်လာတဲ့သူကတော့ Irene ဆိုတဲ့ ဘဲလေးအကကိုရူးသွပ်တဲ့ကချေသည်လေးတစ်ယောက်ပါ။ ရုတ်တရက်ကြီး အဓိကအကသမားဖြစ်လာခဲ့တဲ့နောက်က အကျိုးဆက်ကတော့ အဖွဲ့ဝင်တွေရဲ့ မနာလိုမှု၊ မကျေနပ်မှု၊ အနိုင်ကျင့်မှု ၊ ဖယ်ကျဉ်မှုတွေကို ခံရတာပါပဲ။ သူ့လိုပဲ အဖွဲ့ထဲမှာအပယ်ခံထားရတဲ့ ကချေသည်လေးတစ်ယောက်ကတော့ Aurora ဖြစ်ပြီး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုကြောင့် အဖွဲ့နဲ့မသက်ဆိုင်တဲ့သူတစ်ယောက်လိုဖြစ်နေခဲ့တာပါ။ အပယ်ခံသူတို့နှစ်ယောက် ရင်းနှီးသွားပြီးတဲ့နောက်မှာ ဘယ်လိုသံယောဇဉ်တွေဖြစ်ပေါ်လာမှာလဲ။ သူတို့နှစ်ယောက် အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်သွားကြမလဲ။ စင်မြင့်အလယ်မှာ ကပြဖျော်ဖြေခွင့်ရဖို့အတွက် အကောင်းဆုံးကြိုးစားခြင်းတွေရဲ့နောက်ကွယ်က မိသားစုကပေးတဲ့ဖိအားတွေ အဖွဲ့အစည်းကပေးတဲ့ဖိအားတွေ နေရာထူးတစ်ခုကိုယူထားရတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ဖိအားတွေ ဒီလိုအရာတွေကို အလေးအနက်ထားရိုက်ကူးပြထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ကားတစ်ကားပါပဲ။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း