Crush
ပေ့ဂ်ျဆိုတဲ့ကောင်မလေးဟာ ကယ်လ်အာ့တ်လို့ခေါ်တဲ့ ပန်းချီကောလိပ်ကို ဝင်ခွင့်ရချင်သူဖြစ်ပြီး ဝင်ခွင့်ဖြေဖို့အတွက် ကျောင်းရဲ့စာသားနဲ့အညီ လျှောက်ထားဖို့လိုနေပါတယ်။ ကျောင်းရဲ့စာသားကတော့ "အပျော်ရွှင်ဆုံးအခိုက်အတန့်တွေကိုပြသလိုက်ပါ"ဆိုတဲ့စသားလေးဖြစ်ပြီး လျှောက်ထားသူတွေက ကိုယ့်ဘဝရဲ့အပျော်ရွှင်ရဆုံးအခိုက်အတန့်တွေကို ဆွဲပြပြီး လျှောက်ထားကြရမှာပါ။ အဲ့ဒီလို မိမိရဲ့"ပျော်စရာအကောင်းဆုံးအခိုက်အတန့်"ဆိုတာကို ပေ့ဂ်ျတစ်ယောက်အတွေးများရပါတော့တယ်။ ပေ့ဂ်ျဟာ ငယ်ငယ်လေးကတည်းက မိန်းကလေးချင်းသဘောကျတတ်တဲ့သူဖြစ်ပြီး သူ့မှာ တစ်ဖက်သတ်ချစ်ရတဲ့ကောင်မလေးရှိပါတယ်။ အဲ့ဒီကောင်မလေးနဲ့တွေ့တဲ့အချိန်တိုင်းဟာ သူ့အတွက် ပျော်စရာအကောင်းဆုံးအခိုက်အတန့်ပဲလို့ ပေ့ဂ်ျကထင်မှတ်ပြီး အဲ့ဒီအခိုက်အတန့်နောက်ကို လိုက်ပါတော့တယ်။ ကိုယ့်ရဲ့ပျော်စရာအခိုက်အတန့်ကိုရှာရင်းနဲ့ ပေ့ဂ်ျတစ်ယောက် အချစ်ဆိုတာတဲ့အရာကို တဖြည်းဖြည်းကြုံလာရတဲ့ပုံကို ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Teenဆန်ဆန်ရိုက်ကူးထားတဲ့အပြင် Comedy-Romanceဇာတ်ကားလေးဖြစ်တဲ့အတွက် ဆယ်ကျော်သက်အချစ်ဇာတ်လမ်းသဘောကျတတ်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းနေမှာပါ။ Huluရဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အဓိကဇာတ်ကောင်တွေအဖြစ် Rowan Blanchard, Auli'i Cravalhoတို့က သရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း